၁၆ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၉
ခေတ်သစ် မိုအာဝေယဟ်  ဘင်န် စလ်မာန် ။ ။ cartoon

အဗ်နာ ။ ။ အဗ်နာ ။ ။ ကာတွန်းဆရာက အစ္စလာမ့်သမိုင်းကို ပြန်လည်သတိရစေရန်နှင့် ဆော်ဒီအာရေဗျနိုင်ငံသည် “ခေတ်သစ် မိုအာဝေယဟ်” အဖြစ် ရပ်တည်နေသည်ဟူသော အမြင်ကို ပေါ်လွင်စွာ ဖော်ကျူးရေးဆွဲထားပါတယ်။

အစ္စလာမ့်သမိုင်းတွင် အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) နှင့် စစ်ပွဲဖြစ်ပွားခဲ့သည့် မိုအာဝေယဟ်သည် စစ်ဖီးန်စစ်ပွဲတွင် အရေးနိမ့်လာချိန်၌ ကျမ်းတော်မြတ်ကုရ်အာန်ကို လှံဖျားများပေါ်တွင် တင်မြှောက်ပြသကာ မောင်လာအလီ (အ.စ) ၏ တပ်သားများအကြား သွေးကွဲစေရန် ကြိုးပမ်းခဲ့ပြီး မိမိ၏ အာဏာကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ကြိုးစားခဲ့သည်ဟု အစ္စလာမ့်သမိုင်းတွင် ဖော်ပြထားပါတယ်။

ယနေ့ခေတ်တွင်လည်း ဆော်ဒီအာရေဗျသည် ဟူသီ (အန်ဆွာရိုလ္လာဟ်) တို့ကို စစ်ရေးအရ အနိုင်မရတော့သည့်အခါ မက္ကာမြို့ကို တိုက်ခိုက်သည်ဟု စွပ်စွဲဝါဒဖြန့်ခြင်းများ ပြုလုပ်ကာ မွတ်စလင်မ်များအကြား စည်းလုံးညီညွတ်မှု ပျက်ပြားစေရန်၊ ယီမင်နှင့် အီရန်အပေါ် မုန်းတီးမှုများ ဖြစ်ပေါ်လာစေရန်နှင့် မိမိတို့၏ အာဏာကို ဆက်လက်ခိုင်မြဲစေရန် ကြိုးပမ်းနေသည်ဟု ကာတွန်းမှတစ်ဆင့် သရုပ်ဖော်ထားပါတယ်။

အားလုံး မြင်တွေ့နိုင်ကြပါစေ။

Tags

Your Comment

You are replying to: .
captcha