အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRIB သတင်းအေဂျင်စီ ၏ အဆိုအရ ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ ၂၀၂၆ ခုနှစ် နံနက်ပိုင်း အစောပိုင်းအချိန်၌ အီရန်နိုင်ငံ တီဟီရန်ပြည်နယ်အရှေ့ဘက်ခြမ်း ဒေသများတွင် ပြင်းအား ၃.၄ မဂ္ဂနီကျုရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကို ဘူမ်ဟန် ၊ ရူဒ်ဟန် ၊ ပါဒစ် နှင့် ဒါမာဗန်ဒ် မြို့များတွင် သိသာစွာ ခံစားခဲ့ရကြောင်း သက်ဆိုင်ရာဒေသခံများနှင့် ငလျင်တိုင်းတာရေးဌာနများထံမှ သိရပါတယ်။
ငလျင်ဗဟိုချက်နှင့် နီးကပ်သောဒေသများတွင် ဒေသခံများ သတိပြုမိခဲ့ကြသော်လည်း လက်ရှိအချိန်အထိ ရရှိထားသော သတင်းအချက်အလက်များအရ လူနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ မရှိသေးကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment