အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်ရုပ်မြင်သံကြားဌာန(IRIB)၏ အစီရင်ခံစာအရ ဆားဘီးယားရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဘဲလ်ဂရိတ်မြို့ရှိ အစ္စရေးသံရုံးအပြင်ဘက်တွင် သံရုံးလုံခြုံရေးအဖွဲ့ဝင်တစ်ဦးကို ဓားဖြင့်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါဖြစ်စဉ်အတွင်း တိုက်ခိုက်သူ သေဆုံးသွားခဲ့သော်လည်း ၎င်း၏အမည်နှင့် အထောက်အထားကို ယခုအချိန်အထိ ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ထို့ပြင် ဆားဘီးယားပြည်ထဲရေးဝန်ကြီးက ယင်းဖြစ်စဉ်ကို “အကြမ်းဖက်လုပ်ရပ်” အဖြစ် သတ်မှတ်ပြောဆိုခဲ့ကြောင်း သတင်းတွင် ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment