၃၀ အောက်တိုဘာ ၂၀၂၆ - ၂၃:၂၂
အီရန်၏ တိုက်ခိုက်မှုများကြောင့် အမေရိကန်စစ်စခန်းများ ထိခိုက်ပျက်စီးခဲ့သည့် ဓာတ်ပုံအသစ်များ ထုတ်ပြန်

အမေရိကန်မီဒီယာတစ်ခုက အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်စခန်းများကို အီရန်၏ တိုက်ခိုက်မှုများကြောင့် ပိုမိုပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည့် ဓာတ်ပုံအသစ်များကို ရရှိထားကြောင်း ကြေညာခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA သတင်းဌာန ၏ အစီရင်ခံစာအရ MTN News ဝက်ဘ်ဆိုက်က အမေရိကန်သည် ဖေဖော်ဝါရီလကုန်ပိုင်းတွင် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း ဝင်ရောက်ပါဝင်ခဲ့ချိန်၌ အရှေ့အလယ်ပိုင်းဒေသတွင် တပ်စွဲထားသည့် အမေရိကန်စစ်သားများ ဘာတွေကြုံတွေ့နေရသည်ဆိုသည့် အချက်အလက်များကို အမေရိကန်ပြည်သူများထံ အနည်းငယ်သာ အသိပေးခဲ့ကြောင်း သိရပါတယ်။

ဖြစ်ပွားရာနေရာများတွင် သတင်းထောက်များ မရှိခဲ့ပါ။ သေဆုံးသူများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များမှာလည်း တဖြည်းဖြည်းသာ ထွက်ပေါ်လာခဲ့ပါတယ်။ အမေရိကန်စစ်စခန်းများ ထိခိုက်ပျက်စီးခဲ့သည့် ဓာတ်ပုံများကိုလည်း များသောအားဖြင့် ထုတ်ပြန်ခြင်းမရှိခဲ့ပါ။

ယခုအခါ MTN သတင်းဌာနသည် ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ ကူဝိတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ဘာရိန်းနိုင်ငံတို့ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှုကို ဖော်ပြသည့် ဓာတ်ပုံနှင့် ဗီဒီယို ဒါဇင်ပေါင်းများစွာကို ထုတ်ပြန်ခဲ့ပါတယ်။ ယင်းတို့ကို ထိုနိုင်ငံများတွင် တပ်စွဲထားသည့် စစ်ဘက်ဝန်ထမ်းများထံမှ တိုက်ရိုက်ရရှိခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါစစ်သားများက အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသည့် လေယာဉ်များ၊ စစ်သားတန်းလျားများ၊ စစ်ဘက်စားသောက်ခန်းမများနှင့် ကားရပ်နားရာနေရာများတွင် ပုန်းအောင်းနေခဲ့ရသည့် စစ်သည်မိသားစုများအကြောင်း အသေးစိတ်ပြောပြခဲ့ကြပါတယ်။

သတင်းရင်းမြစ်တစ်ဦးက “အခြေအနေက လူတွေထင်ထားတာထက် အများကြီး ပိုဆိုးနေပါတယ်” ဟု ပြောကြားခဲ့ါပတယ်။

အီရန်၏ တိုက်ခိုက်မှုများကြောင့် အမေရိကန်စစ်စခန်းများ ထိခိုက်ပျက်စီးခဲ့သည့် ဓာတ်ပုံအသစ်များ ထုတ်ပြန်

ထုတ်ပြန်လိုက်သည့် ဗီဒီယိုမှတ်တမ်းအသစ်များအရ အီရန်၏တိုက်ခိုက်မှုများကြောင့် အမေရိကန်စစ်စခန်းများသည် ထင်ထားသည်ထက် ပိုမိုပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြနေါပတယ်။

သတင်းရင်းမြစ်များက စကားပြောဆိုခြင်းနှင့် ဓာတ်ပုံများမျှဝေခြင်းတို့ကြောင့် အရေးယူခံရနိုင်ကြောင်း အကြိမ်ကြိမ် ခြိမ်းခြောက်ခံခဲ့ရသည်ဟု ဆိုကာ ၎င်းတို့၏အမည်များကို ဖော်ပြခြင်းမပြုရန် တောင်းဆိုခဲ့ကြပါတယ်။

စစ်သားတစ်ဦးက ယခင်စစ်ပွဲများနှင့်မတူဘဲ အန္တရာယ်သည် အဓိကအားဖြင့် ကောင်းကင်မှလာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။  ဒရုန်းများ၊ ရော့ကက်များနှင့် ပဲ့ထိန်းဒုံးကျည်များကို မမြင်ရသည့် ရန်သူတစ်ဦးက ပစ်ခတ်နေသကဲ့သို့ ခံစားခဲ့ရကြောင်းလည်း ၎င်းက ဆိုါပတယ်။

စစ်ဘက်ဝန်ထမ်းတစ်ဦးက ၎င်းတို့၏စစ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် အီရန်ဒရုန်းများအကြောင်း အောက်ပါအတိုင်း ပြောပြခဲ့ါပတယ်။

“ညဘက်ဆိုရင် သူတို့ကို မမြင်ရဘူး။ မီးလည်းမပါဘူး။ GPS ကိုဩဒိနိတ်တွေနဲ့ လမ်းညွှန်ပျံသန်းကြတာ။ အသံကတော့ ဆက်စနာ (Cessna) လေယာဉ်ငယ်တစ်စင်းလိုပဲ။ အမြင့်ပေ ၄၀၀ လောက်မှာ ပျံသန်းနေတယ်ဆိုရင် သိမ်းငှက်ကြီးတစ်ကောင်လို မြင်ရတယ်။ သူတို့ကို တိုက်ခိုက်ကာကွယ်ဖို့ ကျွန်တော်တို့မှာ ဘာမှမရှိခဲ့ဘူး။”

လူအများအပြားက ၎င်းတို့သည် “အော်ပရေးရှင်း အက်ပစ် ဖျူရီ” (Operation Epic Fury) စစ်ဆင်ရေး သို့မဟုတ် အီရန်အပေါ် အမေရိကန်၏စစ်ပွဲအကြောင်းကို ကြိုတင်မသိရှိခဲ့ကြောင်း ပြောကြားခဲ့ါပတယ်။ အမေရိကန်စစ်သားအများအပြားသည် စစ်ပွဲစတင်နေပြီဆိုသည်ကို သတင်းများမှတစ်ဆင့်သာ သိရှိခဲ့ကြရပါတယ်။

အီရန်၏ တိုက်ခိုက်မှုများကြောင့် အမေရိကန်စစ်စခန်းများ ထိခိုက်ပျက်စီးခဲ့သည့် ဓာတ်ပုံအသစ်များ ထုတ်ပြန်

အမေရိကန်စစ်သားများနှင့် အရပ်သားကန်ထရိုက်တာများက ပေးပို့ခဲ့သည့် ဓာတ်ပုံများအရ ဆော်ဒီအာရေဗျနိုင်ငံရှိ မင်းသားဆူလ်တန် လေတပ်စခန်း (Prince Sultan Air Base) သည် မတ်လမှ ဇူလိုင်လအတွင်း အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံများတွင် စစ်ဘက်စားသောက်ခန်းမများနှင့် ရုံးခန်းများ ပျက်စီးနေမှုအပြင် တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် အမေရိကန်စစ်သားများ နေထိုင်ခဲ့သည့် အဆောင်များ ပျက်စီးနေမှုကိုလည်း တွေ့ရပါတယ်။

ဓာတ်ပုံတစ်ပုံတွင် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများမှ ကာကွယ်ရန် အမေရိကန်စစ်တပ်က တည်ဆောက်ထားသည့် အမိုးအကာများကို တွေ့ရသည်။ အဆိုပါအမိုးအကာများ၏ တံခါးများမှာ ရှိနေဆဲဖြစ်ပါတယ်။

အခြားဓာတ်ပုံတစ်ပုံတွင် အမေရိကန်လေတပ်၏ AWACS လေကြောင်းစောင့်ကြည့်ရေးလေယာဉ်တစ်စင်းကို တွေ့ရပြီး ၎င်း၏အမြီးပိုင်းတွင် မှတ်ပုံတင်နံပါတ် 81-005 ဟု ဖော်ပြထားပါတယ်။  သတင်းရင်းမြစ်များ၏အဆိုအရ ယင်းလေယာဉ်သည် တိုက်ခိုက်မှုတစ်ခုအတွင်း ပျက်စီးသွားခဲ့ပြီး စစ်သား ၁၀ ဦးမှ ၁၂ ဦးအထိ ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း KC-135 ဆီဖြည့်လေယာဉ်နှစ်စင်းအပါအဝင် အခြားလေယာဉ်အများအပြားလည်း ပျက်စီးခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့ပါတယ်။

သတင်းရင်းမြစ်တစ်ဦးက လုံးဝပျက်စီးသွားခဲ့သည်ဟု ၎င်းကဆိုသော C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း၏ ဓာတ်ပုံကိုလည်း ပေးပို့ခဲ့သည်။ ပျက်စီးဆုံးရှုံးမှုအတိုင်းအတာကို ကန့်သတ်ဖော်ပြနိုင်ရန် လေယာဉ်အပျက်အစီးများကို အလျင်အမြန် ရှင်းလင်းဖယ်ရှားခဲ့ကြောင်းလည်း သတင်းရင်းမြစ်များက ထပ်မံပြောကြားခဲ့ပါတယ်။

ဂျော်ဒန်နိုင်ငံရှိ မူဝါဖက် အယ်လ်ဆယ်လ်တီ လေတပ်စခန်း (Muwaffaq Salti Air Base) တွင် တပ်စွဲထားသည့် အမေရိကန်စစ်သားများက မတ်လမှစတင်၍ သုံးလနီးပါး ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း ပြောပြခဲ့ကြပါတယ်။

အီရန်၏ တိုက်ခိုက်မှုများကြောင့် အမေရိကန်စစ်စခန်းများ ထိခိုက်ပျက်စီးခဲ့သည့် ဓာတ်ပုံအသစ်များ ထုတ်ပြန်

တိုက်ခိုက်မှုများ၏ ပြင်းထန်မှုနှင့် အတိုင်းအတာမှာ အလွန်ကြီးမားသဖြင့် အချို့အချိန်များတွင် အချက်ပေးဥသြသံများပင် မမြည်နိုင်ခဲ့ဘဲ အန္တရာယ်သည် ၎င်းတို့၏ခေါင်းပေါ်သို့ တိုက်ရိုက်ကျရောက်နေသကဲ့သို့ ဖြစ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုများကြောင့် အမေရိကန်လေတပ်၏ F-15 တိုက်လေယာဉ်များ၊ F-35 တိုက်လေယာဉ်များ၊ MQ-9 ဒရုန်းများနှင့် ရဟတ်ယာဉ်များအပြင် ကွပ်ကဲမှုနှင့် ထိန်းချုပ်ရေးဆိုင်ရာ အဆောက်အအုံများ၊ အရေးကြီးသော အခြေခံအဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့ပါတယ်။

အဆိုးရွားဆုံးဖြစ်ရပ်မှာ ဇူလိုင် ၁၇ ရက်မှ ၁၈ ရက်သို့ ကူးပြောင်းသည့်ညတွင် ဖြစ်ပွားခဲ့ပါတယ်။

သတင်းရင်းမြစ်များ၏အဆိုအရ အီရန်၏ ပဲ့ထိန်းဒုံးကျည်များနှင့် ဒရုန်းများသည် စစ်စခန်း၏ ကာကွယ်ရေးစနစ်များကို ကျော်ဖြတ်ကာ အမေရိကန်စစ်သားများ နေထိုင်ရာ တန်းလျားများပေါ်သို့ ကျရောက်ခဲ့သည်။ ယင်းဖြစ်ရပ်တွင် စစ်သားသုံးဦး သေဆုံးခဲ့ပြီး အခြားလေးဦးကိုလည်း အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုပါတယ်။

သတင်းရင်းမြစ်အများအပြားက မီးတောက်များအတွင်း ပိတ်မိနေသည့် စစ်သားများက အကူအညီတောင်းခံ အော်ဟစ်နေသံများကို ကြားခဲ့ရကြောင်း ပြောကြားခဲ့သည်။ သို့သော် အရေးပေါ်တုံ့ပြန်မှု မလုံလောက်ခြင်းနှင့် ကြိုတင်ပြင်ဆင်မှုအားနည်းခြင်းတို့ကြောင့် ၎င်းတို့ထံသို့ သွားရောက်ကူညီနိုင်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် စစ်စခန်းသည် အလွန်အလုပ်များနေခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ စစ်သားများသည် အချိန်မီ အကာအကွယ်အမိုးအကာများသို့ မရောက်ရှိနိုင်ခဲ့ခြင်းကြောင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ရကြောင်းလည်း ၎င်းတို့က ထပ်မံပြောကြားခဲ့ပါတယ်။

အီရန်၏ တိုက်ခိုက်မှုများကြောင့် အမေရိကန်စစ်စခန်းများ ထိခိုက်ပျက်စီးခဲ့သည့် ဓာတ်ပုံအသစ်များ ထုတ်ပြန်

တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှ စစ်စခန်းအတွင်း နေထိုင်မှုအခြေအနေများ ပိုမိုဆိုးရွားလာခဲ့ပါတယ်။

စစ်သားများသည် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများ၊ အထူးသဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများ မကြာခဏ ပြတ်လပ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ အကြောင်းမှာ တိုက်ခိုက်မှုများဖြစ်ပွားနေစဉ်အတွင်း ဆိုင်များအားလုံးလည်း ပိတ်ထားခဲ့ရသောကြောင့် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha