အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ ၏ ရုံးတော်က အာယာသွလ္လာဟ် ကြီး ကွယ်လွန်သွားပြီဟူသော သတင်းသည် မှန်ကန်မှု မရှိကြောင်းနှင့် ဆေးကုသမှုလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။
ထို့ပြင် မီဒီယာများတွင် ထုတ်လွှင့်ဖော်ပြခဲ့သည့် အာယာသွလ္လာဟ် ကြီး ကွယ်လွန်သွားပြီဟူသော သတင်းကို တရားဝင် ငြင်းဆိုခဲ့ပြီး၊ ဤအဆင့်မြင့် ဘာသာရေးပညာရှင်ကြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေရန် ယုံကြည်သူများအနေဖြင့် ဒိုအာပြုဆုတောင်းပေးကြပါရန် မေတ္တာရပ်ခံခဲ့ပါတယ်။
မှတ်သားဖွယ်ရာအနေဖြင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ သည် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ဆေးကုသမှုခံယူရန်အတွက် အီရန်နိုင်ငံ၊ တီဟီရန်မြို့ရှိ ဆေးရုံတစ်ရုံတွင် တက်ရောက်ကုသမှုခံယူလျက်ရှိကြောင်း သိရပါတယ်။
ဤသတင်းကို အီရန်ရုပ်မြင်သံကြားဌာန(IRIB) ၏ Eitaa အကောင့် မှ အီရန် ဒေသစံတော်ချိန် မနက် ၂နာရီ ၅၆မိနစ် (မြန်မာစံတော်ချိန် မနက် ၅နာရီ ၅၆ မိနစ် ) တွင် တင်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment