၆ နိုဝင်ဘာ ၂၀၂၆ - ၁၅:၅၃
နာဒီယာ ကာဖ် နယူးဂျာစီ၏ ပထမဆုံး ဟေဂျာဗ်ဝတ် တရားသူကြီးဖြစ်လာ

ဆီးရီးယားနွယ်ဖွား အမေရိကန်မွတ်စလင်အမျိုးသမီး နာဒီယာ ကာဖ် သည် ၂၀၂၃ ခုနှစ် မတ်လတွင် နယူးဂျာစီပြည်နယ်၏ အထက်တရားရုံး၌ ဟေဂျာဗ် ဝတ်ဆင်ထားသော ပထမဆုံး အမျိုးသမီးတရားသူကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး အမေရိကန်တရားစီရင်ရေးသမိုင်းတွင် မွတ်စလင်မ် အမျိုးသမီးများ၏ ကိုယ်စားပြုပါဝင်မှုအတွက် အရေးပါသော မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်တွင် ဆီးရီးယားနွယ်ဖွား အမေရိကန်မွတ်စလင်မ် အမျိုးသမီး နာဒီယာ ကာဖ်  သည် ၂၀၂၃ ခုနှစ် မတ်လတွင် ပါဆေးအစ်ခ် ကောင်တီ (Passaic County) အထက်တရားရုံး (Superior Court) ၌ တရားသူကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ဟေဂျာဗ် ဝတ်ဆင်ကာ တာဝန်ထမ်းဆောင်သည့် နယူးဂျာစီပြည်နယ်၏ ပထမဆုံး အမျိုးသမီးတရားသူကြီး ဖြစ်လာခဲ့ပါတယ်။

နာဒီယာ ကာဖ်သည် ဆီးရီးယားနိုင်ငံတွင် မွေးဖွားခဲ့ပြီး အသက်နှစ်နှစ်အရွယ်တွင် မိသားစုနှင့်အတူ အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့အခြေချခဲ့သူဖြစ်ပါတယ်။ သူမသည် ဥပဒေနယ်ပယ်တွင် ကြိုးပမ်းအားထုတ်ခဲ့ပြီး ထင်ရှားသော ပရော်ဖက်ရှင်နယ်တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး ဖီးလ် မာဖီ (Phil Murphy) က သူမအား တရားသူကြီးရာထူးအတွက် အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ ၎င်း၏ အမည်စာရင်းတင်သွင်းမှုကို ထောက်ခံသည့်အနေဖြင့် ဒေသခံနှင့် လူမှုအသိုင်းအဝိုင်းခေါင်းဆောင် ၉၀ ကျော်က ပူးတွဲထောက်ခံစာတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး အွန်လိုင်းထောက်ခံလှုပ်ရှားမှုတွင်လည်း လူပေါင်း ၇၀၀ ကျော်က ပါဝင်ထောက်ခံခဲ့ကြပါတယ်။

၂၀၂၃ ခုနှစ် မတ်လတွင် တရားသူကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် နာဒီယာ ကာဖ်၏ ခန့်အပ်မှုသည် အမေရိကန်တရားစီရင်ရေးစနစ်အတွင်း မွတ်စလင်မ် အမျိုးသမီးများ၏ ကိုယ်စားပြုပါဝင်မှုကို မြှင့်တင်ပေးသည့်အပြင် ဘာသာရေးလွတ်လပ်ခွင့်နှင့် မတူကွဲပြားသော ဘာသာရေးအသိုင်းအဝိုင်းများ၏ ပါဝင်မှုကို ဖော်ဆောင်သည့် အရေးပါသော သမိုင်းမှတ်တိုင်တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။


++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha