အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် ရုပ်မြင် သံကြားဌာန (IRIB) ၏ အစီရင်ခံစာ အရ အမေရိကန်တာဝန်ရှိသူများ၏ ပြောကြားချက်အရ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့ဆင်ခြေဖုံးရှိ လိတ်ဝုဒ်မြို့တွင် ကြာသပတေးနေ့ညပိုင်းက ဘတ်စ်ကားမှတ်တိုင်တစ်ခုအနီး သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
လိတ်ဝုဒ်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ကြာသပတေးနေ့ ညနေ ၆ နာရီခွဲခန့်တွင် ကိုးလ်ဖက်စ်လမ်းနှင့် ဝက်ဒ်စ်ဝေါ့သ်ဘူလ်ဗာ့ဒ် လမ်းဆုံအနီး၌ သံသယဖြစ်ဖွယ်လူတစ်ဦး ရှိနေကြောင်း သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်များသည် ထိုနေရာသို့ ရောက်ရှိချိန်တွင် ဘတ်စ်ကားပေါ်သို့ တက်ရန်ကြိုးစားနေသည့် သံသယရှိသူတစ်ဦးနှင့် တွေ့ဆုံခဲ့ပါတယ်။
လိတ်ဝုဒ်ရဲဌာန ပြောရေးဆိုခွင့်ရှိသူ ဂျွန် ရိုမဲရိုး က သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့ဝင်များ ချဉ်းကပ်လာပြီး စက္ကန့်အနည်းငယ်အကြာတွင် အဆိုပါအမျိုးသားက ရဲတပ်ဖွဲ့ဝင်များဘက်သို့ သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် လေးဦး ကျည်ဆန်ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားကြောင်းကိုလည်း ၎င်းက အတည်ပြုပြောကြားခဲ့ပြီး “အလွန်ဝမ်းနည်းစွာဖြင့် ကျွန်ုပ်တို့၏ ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ရရှိခဲ့သော ဒဏ်ရာများ ပြင်းထန်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ကြောင်း အသိပေးအပ်ပါသည်” ဟု ပြောကြားခဲ့ပါတယ်။
ရိုမဲရိုး၏ ပြောကြားချက်အရ သံသယရှိသူသည်လည်း ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း ကျည်ဆန်ထိမှန်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့သည်။ ထို့အပြင် အဆိုပါပစ်ခတ်မှုအတွင်း အရပ်သားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။
ဒဏ်ရာရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင် သုံးဦး၏ ဒဏ်ရာပြင်းထန်မှုနှင့် လက်ရှိကျန်းမာရေးအခြေအနေတို့နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့တာဝန်ရှိသူများက အသေးစိတ်အချက်အလက်များကို ယခုအချိန်အထိ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment