၈ နိုဝင်ဘာ ၂၀၂၆ - ၂၃:၃၁
ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ်(စ.အ) ၏ ရောင်ဇာတော် မြတ် လေ့လာရေး အစီအစဉ်တွင် ဇေယာရသ် ပြုသူ ၁၉,၀၀၀ ပါဝင်

ဟဇရသ်မအ်စူမဟ် ကွမ်း (စ.အ) ရောင်ဇာတော် မြတ် ၏ ယဉ်ကျေးမှုဝန်ဆောင်မှုဌာနက အီရန် သက္ကရာဇ် ၁၄၀၅ ခုနှစ် ၏ ပထမခြောက်လတာကာလအတွင်း အီရန်နိုင်ငံ၏ ဒေသအသီးသီးမှ လာရောက်ကြသော တက္ကသိုလ်ကျောင်းသားအဖွဲ့များ၊ ဘာသာရေးပညာသင်ကြားနေသူများ၊ မိသားစုများ၊ ကျောင်းသားကျောင်းသူများ၊ အဖွဲ့အစည်းဆိုင်ရာအဖွဲ့များနှင့် ပထမဆုံးအကြိမ် ဇေယာရသ် လာရောက်သူများအတွက် ကိုယ်ရည်ကိုယ်သွေးလေ့လာရေးအစီအစဉ် ၁၄၂ ခုနှင့် ‌ ရောင်ဇာတော် လေ့လာရေးအစီအစဉ် ၂၆၀ ခုကို ကျင်းပပြုလုပ်ခဲ့ကြောင်း အသိပေးကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် သက္ကရာဇ် ၁၄၀၅ ခုနှစ်၏ ပထမခြောက်လတာကာလအတွင်း ဟဇရသ် မအ်စူမဟ် (စ.အ) ရောင်ဇာတော် မြတ် ၏  ယဉ်ကျေးမှုဝန်ဆောင်မှု ဌာနသည် လူဦးရေ ၁၉,၀၀၀ အတွက် ကိုယ်ရည်ကိုယ်သွေးလေ့လာရေးနှင့် ဟရမ်တော်လေ့လာရေးအစီအစဉ် စုစုပေါင်း ၄၀၂ ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဤအစီရင်ခံစာအရ အဆိုပါခြောက်လတာကာလအတွင်း ကိုယ်ရည်ကိုယ်သွေးလေ့လာရေးအစီအစဉ် ၁၄၂ ခုနှင့် ရောင်ဇာတော် လေ့လာရေးအစီအစဉ် ၂၆၀ ခုကို ကျင်းပပြုလုပ်ခဲ့ပြီး အဓိကပါဝင်သူများမှာ အီရန်နိုင်ငံ၏ ဒေသအသီးသီးမှ လာရောက်ကြသော တက္ကသိုလ်ကျောင်းသားများ၊ ဘာသာရေးပညာသင်ကြားနေသူများ၊ မိသားစုများ၊ ကျောင်းသားကျောင်းသူများနှင့် ပထမဆုံးအကြိမ် ဇေယာရသ် လာရောက်သူများ ဖြစ်ကြပါတယ်။

ထို့အပြင် ဤကာလအတွင်း အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများသည်လည်း ဟဇရသ် ဖွာသွေမဟ် မအ်စူမဟ် (စ.အ) ၏ ရောင်ဇာတော် လေ့လာရေးနှင့် ကိုယ်ရည်ကိုယ်သွေးလေ့လာရေး အစီအစဉ်များတွင် ပါဝင်လေ့လာခဲ့ကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha