အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Farsnews၏ အစီရင်ခံစာအရ ယီမင်နိုင်ငံ၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့ရှိ ဘုရင် အဗ်ဒွလ္လာဟ် ဘဏ္ဍာရေးစင်တာ (KAFD) နှင့် အာရမ်ကို ရေနံကုမ္ပဏီပိုင် အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။ ထို့အပြင် ဘုရ်ကွိုင်က်ဒေသရှိ အာရမ်ကို ရေနံစက်ရုံအချို့လည်း မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းများက ဖော်ပြပါတယ်။
ဘုရင် အဗ်ဒွလ္လာဟ် ဘဏ္ဍာရေးစင်တာ (KAFD) သည် အဆောက်အအုံ ၉၅ လုံးနှင့် ကုမ္ပဏီ၊ အဖွဲ့အစည်းပေါင်း ၁၄၀ ကျော် တည်ရှိရာ ဆော်ဒီအာရေဗျ၏ အရေးပါသော စီးပွားရေးနှင့် ဘဏ္ဍာရေးဗဟိုချက်တစ်ခုဖြစ်ပါတယ်။ ထိုနေရာကို တိုက်ခိုက်ခံရခြင်းသည် နိုင်ငံခြားကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှု၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ လုံခြုံရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် ယုံကြည်မှုကို ထိခိုက်စေနိုင်ပါတယ်။
အလားတူ ဆော်ဒီအာရေဗျ၏ ဘဏ္ဍာရေးဈေးကွက်တွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ သတိထားဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထုတ်ယူသည့် လက္ခဏာများ တွေ့ရှိနေရပါတယ်။
ကမ်ကို အင်ဗက်စ်၏ အစီရင်ခံစာအရ ၂၀၂၆ ခုနှစ် တတိယသုံးလပတ်အတွင်း ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီဝင်နိုင်ငံများ၏ ရှယ်ယာများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက အသားတင် အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံဖိုး ရောင်းချခဲ့ကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment