၉ နိုဝင်ဘာ ၂၀၂၆ - ၀၁:၀၁
ဆော်ဒီအာရေဗျနိုင်ငံအတွင်း ယီမင်တပ်ဖွဲ့များ၏ စစ်ရေးစစ်ဆင်ရေးများ

ယီမင် စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ ရီယာဒ်၊ ခူရိုင်းစ်နှင့် အခြားဒေသများရှိ ရေနံဆိုင်ရာ အဆောက်အအုံများနှင့် ဆော်ဒီအာရေဗျ၏ ထောက်ခံမှုရရှိထားသော တိုက်ခိုက်ရေးသမားများ၏ စခန်းများကို ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က ဆော်ဒီအာရေဗျနိုင်ငံအတွင်း စစ်ရေးစစ်ဆင်ရေး ၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ၎င်း၏ ပြောကြားချက်အရ အဆိုပါ စစ်ဆင်ရေးများတွင် ဒုံးကျည်များ နှင့် ဒရုန်းများကို အသုံးပြု၍ ဆော်ဒီအာရေဗျနိုင်ငံ၏ အရေးပါသော မဟာဗျူဟာမြောက် စင်တာများနှင့် ရေနံဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က ပထမအကြိမ် စစ်ဆင်ရေးတွင် ရီယာဒ်မြို့ရှိ ဘုရင် ခါလစ်ဒ် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရေနံသိုလှောင်ရုံများနှင့် ဆော်ဒီ အာရမ်ကို ကုမ္ပဏီတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒုတိယအကြိမ် စစ်ဆင်ရေးတွင် ခူရိုင်းစ်ဒေသရှိ အာရမ်ကို ကုမ္ပဏီ၏ အဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီး ယီမင်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ယင်းစစ်ဆင်ရေးကို အောင်မြင်မှုရရှိခဲ့ကြောင်း သတ်မှတ်ပြောကြားခဲ့ပါတယ်။

တတိယအကြိမ် စစ်ဆင်ရေးတွင် ဒူဝါဒ်မီဒေသရှိ ဆော်ဒီ အာရမ်ကို၏ ရေနံပိုက်လိုင်းမှ ရေနံစုပ်တင်ရေးစခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

ယီမင်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ စတုတ္ထအကြိမ် စစ်ဆင်ရေးတွင် နဂျ်ရာန်ဒေသရှိ ဆော်ဒီအာရေဗျ၏ ထောက်ခံမှုရရှိထားသော တိုက်ခိုက်ရေးသမားများ စုဝေးရာနေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ လူအများအပြား သေဆုံးပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

၎င်းက ဆက်လက်၍ ပဉ္စမအကြိမ် စစ်ဆင်ရေးအတွင်း ဂျောင်ဖ်ပြည်နယ်၏ အရှေ့ပိုင်းဒေသရှိ ရီယာဒ်နှင့် ဆက်နွှယ်နေသော အဖွဲ့ဝင်များ စုဝေးရာနေရာများကို သုံးကြိမ်တိုင်တိုင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

 ယင်းတိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေဗျ၏ ထောက်ခံမှုရရှိထားသော တိုက်ခိုက်ရေးသမား ဒါဇင်ပေါင်းများစွာ သေဆုံးပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ဆဋ္ဌမအကြိမ် စစ်ဆင်ရေးတွင် မာရိဘ်ပြည်နယ်၏ အရှေ့ပိုင်းဒေသများဖြစ်သော ရဂ်ဝါန်နှင့် မဂျ်ဒလ်တို့ရှိ ဆော်ဒီအာရေဗျ၏ ထောက်ခံမှုရရှိထားသော တိုက်ခိုက်ရေးသမားများ စုဝေးရာစခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အဆိုပါအဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း သိရပါတယ်။

ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က ၎င်း၏ ထုတ်ပြန်ချက်တွင် ဆော်ဒီအာရေဗျနိုင်ငံအား သတိပေးပြောကြားခဲ့ပါတယ်။ ယီမင်ပြည်သူများ၏ ကလေးငယ်များနှင့် အမျိုးသမီးများကို သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်နေခြင်းကြောင့် ဆော်ဒီအာရေဗျသည် အဆိုပါ ရာဇဝတ်မှုများအတွက် ကြီးလေးသော အကျိုးဆက်များကို ခံစားရလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha