၁၅ နိုဝင်ဘာ ၂၀၂၆ - ၁၁:၅၀
ပင်လယ်ကွေ့နိုင်ငံများက အီရန်ထံမှ စစ်လျော်ကြေးငွေ အပြည့်အဝပေးရန် တောင်းဆို

ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံများသည် ဒေသတွင်းနိုင်ငံများအပေါ် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများအတွက် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံထံမှ လျော်ကြေးငွေ အပြည့်အဝပေးအပ်ရန် တောင်းဆိုလိုက်ကြသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊ အဗ်နာ

GCC အဖွဲ့ဝင်နိုင်ငံများသည် နိုဝင်ဘာလ ၁၃ ရက်၊ သောကြာနေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး၌ အဆိုပါတောင်းဆိုချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ပါတယ်။

၎င်းတို့က ဒေသတွင်းနိုင်ငံများအပေါ် အီရန်၏ ဒုံးကျည်နှင့် မောင်းသူမဲ့လေယာဉ် (ဒရုန်း) တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံအနေဖြင့် လျော်ကြေးငွေ အပြည့်အဝပေးအပ်ရမည်ဟု တောင်းဆိုခဲ့ကြပါတယ်။

ထို့အပြင် အီရန်အနေဖြင့် လျော်ကြေးပေးအပ်ရန် ပျက်ကွက်ပါက မိမိတို့နိုင်ငံများအတွင်းရှိ အီရန်ပိုင်ပစ္စည်းများနှင့် ငွေကြေးပိုင်ဆိုင်မှုများကို သိမ်းယူသည်အထိ ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရပါတယ်။

သို့သော် အမှန်တကယ်အားဖြင့် ပင်လယ်ကွေ့နိုင်ငံများသည် အီရန်ထံမှ လျော်ကြေးတောင်းဆိုရမည့်အစား အမေရိကန်နှင့် အစ္စရေးတို့ထံမှသာ တောင်းဆိုသင့်ပါတယ်။ အကြောင်းမှာ အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအပေါ် ဦးစွာ ကျူးကျော်စစ်ဆင်နွှဲခဲ့ပြီး အီရန်နိုင်ငံ၏ ခေါင်းဆောင်ကြီးများ၊ စစ်ဘက်အရာရှိများနှင့် ပညာရှင်များကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

အီရန်သည် ယင်းကျူးကျော်တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ပင်လယ်ကွေ့နိုင်ငံများအတွင်းရှိ အမေရိကန်စစ်စခန်းများနှင့် အမေရိကန်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha