၁၆ နိုဝင်ဘာ ၂၀၂၆ - ၀၇:၅၀
အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ  အစ္စလာမ္မာဘတ်မြို့သို့ ရောက်ရှိ

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် အီကို (ECO) အဖွဲ့အစည်း၏ အစည်းအဝေးသို့ တက်ရောက်ရန် ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်းသိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Tasnim သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ECO) အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ အကြိမ် (၃၀) မြောက် အစည်းအဝေးသို့ တက်ရောက်ရန် ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ်သို့  ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိပါတယ်။

ဤကိစ္စနှင့်ပတ်သက်၍ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ က ယခင်ကတည်းက နိုင်ငံခြားရေးဝန်ကြီးသည် လာမည့်ရက်များအတွင်း အစ္စလာမ္မာဘတ် နှင့် အိုမန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။ 

ဗကာအီ၏ ပြောကြားချက်အရ နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ  သည် တနင်္လာနေ့တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ECO) ၏ နိုင်ငံခြားရေးဝန်ကြီးများ အကြိမ် (၃၀) မြောက် အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပါတယ်။

ဆယက်ဒ် အဘာစ် အီရတ်က်ကျီ  သည် အင်္ဂါနေ့တွင် အိုမန်နိုင်ငံသို့ သွားရောက်မည်လည်း ဖြစ်ပါတယ်။ 


++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha