အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ လွန်ခဲ့သည့် နာရီအနည်းငယ်က အမေရိကန်စစ်တပ်၏ ၅၈ ခုမြောက် MQ-9 ဒရုန်းသည် ဟော်မုဇ်ရေလက်ကြား၏ လေပိုင်နက်အတွင်း၌ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ လေတပ်ဆိုင်ရာ ခေတ်မီကာကွယ်ရေးစနစ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံခဲ့ရပြီး ပျက်စီးသွားခဲ့ပါတယ်။
သတင်းဖော်ပြချက်အရ အဆိုပါဒရုန်းသည် အမေရိကန်စစ်တပ်၏ ခေတ်မီစောင့်ကြည့်ရေးနှင့် စစ်ဆင်ရေးဆိုင်ရာ ကိရိယာများအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ဟော်မုဇ်ရေလက်ကြားဒေသအတွင်း လေကြောင်းသွားလာမှုများကို စောင့်ကြည့်နေစဉ် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ လေတပ်ဆိုင်ရာ ခေတ်မီကာကွယ်ရေးစနစ်က ၎င်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါဒရုန်း ဖျက်ဆီးခံရမှုကြောင့် အမေရိကန်စစ်တပ်ပိုင် MQ-9 ဒရုန်းများအနက် ပစ်ချဖျက်ဆီးခံခဲ့ရသည့် အရေအတွက်မှာ ၅၈ စင်းအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာပေါ်ရှိ အရေးပါဆုံးသော မဟာဗျူဟာမြောက် ရေလမ်းကြောင်းများအနက် တစ်ခုဖြစ်ပြီး ဒေသတွင်း လုံခြုံရေးနှင့် စစ်ရေးအခြေအနေများတွင် အထူးအရေးပါသော နေရာတစ်ခုဖြစ်ပါတယ်။
အဆိုပါဒေသအတွင်း လေကြောင်းသွားလာမှုများကို စောင့်ကြည့်ခြင်းသည် နိုင်ငံတော်လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်သည့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ကာကွယ်ရေးတာဝန်များအနက် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment