အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Tasnim သတင်းဌာန ၏ အစီရင်ခံစာအရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ယဟ်ယာ စရီးအ်က ပြောကြားရာတွင် ဆော်ဒီအစိုးရ၏ တိုက်လေယာဉ်များသည် ယီမင်ပြည်သူများ၏ ရန်သူဖြစ်ပြီး၊ လဟ်ဂျ်ပြည်နယ်ရှိ မုအ်ဘိက်ဒေသတွင် ခရီးသည်တင်ဘတ်စ်ကားများနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ကုန်တင်ယာဉ်အချို့ကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုတစ်ရပ်ကို ကျူးလွန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ရန်သူ၏ တိုက်လေယာဉ်များသည် လဟ်ဂျ်ပြည်နယ်အတွင်းရှိ ဘတ်စ်ကားများနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးယာဉ်များကို ရှစ်ကြိမ်တိုင်တိုင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး လူဒါဇင်ပေါင်းများစွာ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဆော်ဒီအစိုးရသည် လဟ်ဂျ်ပြည်နယ်၊ မုအ်ဘိက်ဒေသရှိ အရပ်သားပြည်သူများအပေါ် ယခုကြောက်မက်ဖွယ်ရာ ရာဇဝတ်မှုကို အမေရိကန်ထုတ် GBU-49 နှင့် GBU-12 အမျိုးအစား ဗုံးများကို အသုံးပြု၍ ကျူးလွန်ခဲ့ခြင်းဖြစ်ပါတယ်။
ဆော်ဒီအစိုးရ၏ ခရီးသည်တင်ယာဉ်များနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးယာဉ်များအပေါ် ကျူးလွန်ခဲ့သည့် ဤရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုသည် မည်သည့်တုံ့ပြန်အရေးယူမှုနှင့် ပြစ်ဒဏ်ပေးမှုမျှ မရှိဘဲ ကျန်ရှိနေမည်မဟုတ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။
ယီမင်နိုင်ငံ၊ တအစ်ဇ်ပြည်နယ်တွင် ဆော်ဒီအစိုးရ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေဆုံးဒဏ်ရာရရှိ
အယ်လ်မစီရာ သတင်းဌာန၏ ဖော်ပြချက်အရ ယီမင်နိုင်ငံ၊ တအစ်ဇ်ပြည်နယ်ရှိ ဝရ်ဇန်ဒေသကို ဆော်ဒီအစိုးရက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ကလေးတစ်ဦး အနည်းဆုံး သေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦးအပါအဝင် လူငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment