၂၄ နိုဝင်ဘာ ၂၀၂၆ - ၂၃:၄၂
ငှက်များ ရေသောက်နိုင်ရန်  စီစဥ်ပေးခြင်း မှ ဖခင် မရ်ဟွန်မ် အတွက် ရရှိခဲ့သော ကုသိုလ်အကျိုး

ဤအကြောင်းအရာကို အလာမဟ် ဆယက်ဒ် ရှဲဟ်ယာ ရေဇာ အာဗစ်ဒ်ဒီ ၏ ဗယာန်း (တရားဟောချက်) မှ ကောက်နုတ်၍ မြန်မာဘာသာသို့ ပြန်ဆိုတင်ပြထားခြင်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဖြစ်ရပ်တစ်ခု ရှိပါသည်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မိုဟမ္မဒ် သကီ ဗဲဟ်ဂျသ် (ရ.ဟ) က မိန့်ကြားခဲ့ဖူးသော အဖြစ်အပျက်မှန် တစ်ခု ဖြစ်ပါတယ်။

ကရ်ဗလာမြို့တွင် လူတစ်ဦး ရှိခဲ့ပါသည်။ တစ်နေ့တွင် အာလင်မ် (ဘာသာရေးပညာရှင်) တစ်ဦးသည် အိပ်မက်တစ်ခုကို မြင်မက်ခဲ့ပါတယ်။ ထိုအိပ်မက်ထဲတွင် လူအများသည် ရိဇ်က် (စားနပ်ရိက္ခာနှင့် အသက်မွေးဝမ်းကျောင်းအတွက် လိုအပ်သည့်အရာများ ၊ ကုသိုလ်ကောင်းမှု ) ကို တောင်းခံနေကြပါတယ်။  ကြာသပတေးည  ဖြစ်သောကြောင့် (ကွဘ်လွန်သူ) တိုင်းသည် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းတောင်းခံနေကြခြင်း ဖြစ်ပါတယ်။

သို့သော် လူတစ်ဦးမှာ ထောင့်တစ်နေရာတွင် ထိုင်နေပြီး မည်သည့်အရာကိုမျှ တောင်းခံခြင်း မရှိပါ။

ထိုအခါ အာလင်မ်က အိပ်မက်ထဲတွင် ထိုသူအား မေးမြန်းခဲ့ပါတယ်။

“ညီအစ်ကို၊ ဘာကြောင့် သင်ဟာ အလ္လာဟ်အရှင်မြတ်ထံ ဘာတစ်ခုမှ မတောင်းခံတာလဲ? ”

ထိုသူက ပြန်ဖြေခဲ့ပါတယ်။

“ကျနော့် မှာ ဘာလိုအပ်ချက်မှ မရှိပါဘူး။ ကျနော့် သားက ကျနော့် အတွက် အမြဲတမ်း (ကုသိုလ်ကောင်းမှုတွေ) ပို့ပေးနေပါတယ်။”

အာလင်မ်က မေးပြန်ပါတယ်။

“သင့်သားက ဘယ်သူလဲ? ”

ထိုသူက ပြောပါတယ်။

“ကရ်ဗလာမြို့က ဘယ်ရပ်ကွက်မှာဆိုပြီး အဲဒီရပ်ကွက်ထဲမှာ ဖိနပ်ချုပ်တဲ့သူတစ်ယောက် ရှိတယ်။ အဲဒီဖိနပ်ချုပ်သမားက ကျနော့် သားပါ။”

“သူ့နာမည်က ဘာလဲ? ”

ထိုသူက သူ့သား၏နာမည်ကိုလည်း ပြောပြခဲ့ပါတယ်။  အိပ်မက်ထဲမှာပင် ထိုနာမည်ကို အာလင်မ်က သိရှိခဲ့ရပါတယ်။

ဤအိပ်မက်သည် မှန်ကန်သော အိပ်မက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အာလင်မ်က ပြောပြသည်မှာ - 

“အိပ်မက်မှ နိုးလာတဲ့အခါ အဲဒီလူရဲ့နာမည်ကိုလည်း မှတ်မိနေတယ်။ ဖိနပ်ချုပ်သမားရဲ့နာမည်ကိုလည်း မှတ်မိနေတယ်။ သူနေထိုင်တဲ့ ရပ်ကွက်ကိုလည်း မှတ်မိနေတယ်။

ဒါကြောင့် အိပ်မက် ရှင် အာလင်မ် က အဲဒီနေရာကို သွားခဲ့တယ်။ ရောက်တဲ့အခါ အဲဒီနာမည်နဲ့ ဖိနပ်ချုပ်သမားတစ်ယောက် ရှိ၊ မရှိ မေးမြန်းခဲ့တယ်။ စုံစမ်းကြည့်တဲ့အခါ တကယ်ပဲ အဲဒီနာမည်နဲ့ ဖိနပ်ချုပ်သမားတစ်ယောက် ရှိနေတယ်ဆိုတာ သိခဲ့ရတယ်။

အဲဒီနောက် သူ့ဆီကို သွားပြီး မေးခဲ့တယ်။

‘သင့်အဖေရဲ့နာမည်က ဒီနာမည်ပဲလား?’

သူက ‘ဟုတ်ပါတယ်’ လို့ ပြန်ဖြေတယ်။

ကျနော် က ထပ်မေးတယ်။

‘ဒါဆို သင့်အဖေအတွက် အမြဲတမ်း ဘယ်လိုကုသိုလ်ကောင်းမှုတွေ လုပ်ပေးနေလဲ?’

သူက ချက်ချင်း မဖြေနိုင်ဘဲ စဉ်းစားနေခဲ့တယ်။ အတော်လေး စဉ်းစားပြီးနောက်မှာတော့ - 

‘ဟုတ်ကဲ့၊ ကျနော် (ဖိနပ်ချပ်သမား )  သတိရပါပြီ။ ကျနော် ဟာ ရေထည့်ထားတဲ့ ရေအိုးတစ်လုံး (သို့မဟုတ် ရေခွက်တစ်ခု) ကို ထားရှိထားပါတယ်။ နေ့တိုင်း အဲဒီရေအိုးကို သန့်ရှင်းရေးလုပ်ပြီး ရေဖြည့်ပေးပါတယ်။ ဒါမှ ငှက်ကလေးများ  လာရောက်သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ လုပ်ပေးနေတာပါ’ လို့ ပြောခဲ့တယ်။”

ယခု ပြောရတာ ကျွန်ုပ်တို့အားလုံးလည်း တိရစ္ဆာန်အစာတွေကို ကိုယ်နဲ့အတူ ယူဆောင်သွားဖို့ မလိုအပ်ပါဘူး။ ဆိုလိုတာက ငှက်ကလေးတစ်ကောင်ကို ရေတိုက်ပေးခြင်းမှာတောင် ဒီလောက်ကြီးမားတဲ့ ဆဝါးဗ် (ကုသိုလ်အကျိုး) ရှိတယ်ဆိုရင်၊ ကျွန်ုပ်တို့ရဲ့ အခြေအနေတွေကို အလ္လာဟ်အရှင်မြတ်က ကောင်းမွန်အဆင်ပြေအောင် ပေးသနားထားတဲ့အခါ ဆင်းရဲနွမ်းပါးတဲ့ မုအ်မင်န်တစ်ဦးအတွက် အကူအညီပေးနိုင်မယ့် အခွင့်အရေးတွေကို စတင်ရှာဖွေပြီး ပုံမှန်ကူညီပေးသင့်ပါတယ်။

ထိုကဲ့သို့ ပြုလုပ်ပေးတဲ့အခါ မိမိတို့ရဲ့ မိဘနှစ်ပါးအတွက်လည်း (ထိုကုသိုလ်အကျိုးကို) ရည်စူးပေးရမှာ ဖြစ်ပါတယ်။

ထို့အပြင် “မိဘနှစ်ပါး” ဟု ပြောဆိုသည့်အခါ ဖခင်၊ မိခင်တို့သာမက အဖေဘက် ၏ အဖေအမေ (အဘိုး၊ အဘွား) နှင့် မိခင်ဘက်၏ အဖေအမေ ( အဘိုး၊ အဘွား) များကိုလည်း ထည့်သွင်းဟဒီယဟ် ပြုရမည်ကို သတိပြုကြပါ။

နှစ်ဖက် အဘိုး၊ အဘွားများအားလုံးကိုလည်း မမေ့ကြပါနှင့်။


++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha