အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Tasnim သတင်းဌာန ၏ အစီရင်ခံစာအရ အစ္စရေးအုပ်ချုပ်ရေးအဖွဲ့၏ လွှတ်တော်ဖြစ်သော ကနက်ဆက်တွင် အငြင်းပွားဖွယ်ရာ “အဇာန်ခေါ်သံဆိုင်ရာ ဥပဒေမူကြမ်း” ကို ပယ်ချခဲ့ပြီးနောက် လွှတ်တော်အစည်းအဝေးခန်းမအတွင်း တင်းမာမှုများ ဖြစ်ပွားခဲ့သည်။ ထို့နောက် နေတန်ယာဟုအစိုးရအဖွဲ့၏ ပြည်တွင်းလုံခြုံရေးဝန်ကြီး အီတမာ ဘင်ဂဗီရ်နှင့် လွှတ်တော်ဥက္ကဋ္ဌအဖွဲ့တို့အကြား စကားများရန်ဖြစ်မှု ဖြစ်ပွားခဲ့ပါတယ်။
ကနက်ဆက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ အီတန် ဂင်းစ်ဘတ်က ဘင်ဂဗီရ်အား “ချက်ချင်းပဲ လွှတ်တော်အစည်းအဝေးခန်းမထဲက ထွက်သွားပါ။ ခင်ဗျားဟာ ကနက်ဆက်လွှတ်တော်ကို လှောင်ပြောင်စရာတစ်ခုလို သဘောထားနေတယ်” ဟု ပြောကြားခဲ့ပါတယ်။
ယင်းသို့ နှင်ထုတ်ခံရမှုအပေါ် အစ္စရေးပြည်တွင်းလုံခြုံရေးဝန်ကြီး အီတမာ ဘင်ဂဗီရ်ကလည်း ဂင်းစ်ဘတ်အား ရိုင်းစိုင်းစော်ကားသော အသုံးအနှုန်းဖြင့် “သွားပြီး ကိုယ့်အလုပ်ကိုယ်လုပ်စမ်း၊ လူမိုက်ရဲ့!” ဟု ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment