ကုရ်အာန်အကြောင်းသိကောင်းစရာအလ္လာဟ်အသျှင်မြတ်သည် လောကီ လူသားများအား လမ်းညွှန်ပြသရန်အတွက် တမန်တော် အဆူဆူမှ တဆင့်ပို့ချ ပေးခဲ့သည့် ကောင်းကင်ကျ ကျမ်းဂန် များအနက် ကျမ်းမြတ် ကုရ်အာန်သည် နောက်ဆုံးနှင့် ပြီးပြည့်ဆုံ၍ ကမ္ဘာဆုံး သည့်တိုင် ခေတ်တိုင်းတွင် အံဝင်ခွင် ကျ၍အမြဲတည်ရှိနေမည် ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်သည် တစ်သိန်းနှစ်သောင်းလေးထောင် (၁၂၄၀၀၀) ကျော်တမန်တော် များအနက် နောက်ဆုံးတမန်တော်ဖြစ်သော မိုဟမ္မဒ်(ဆွ)သ ခင်ကြီးထံ ကျရောက်ခဲ့ခြင်းဖြစ်သည်။ တမန်တော်မြတ်ကြီးသည် ခရစ်နှစ် (၆၁၀(သို့)၆၁၁)သက်တော်(၄၀)တွင် တမန်တော်တာဝန်အား အတည်အလင်း စတင်ထမ်းဆောင်ခဲ့သည်။ ထိုအချိန်မှစ၍(၂၃)နှစ်တိုင်တိုင် တမန်တော်တာဝန်ကို အသိအလင်းထမ်းဆောင်ခဲ့သည့်အချိန်အတွင်း အကြောင်းအရင်း အမျိုးမျိုးအားအခြေခံ၍ ကျရောက် ခဲ့ခြင်းဖြစ်သည်။ ထိုကြောင့်ကျမ်းမြတ်ကုရ်အာန် တွင်လူသားတို့နှင့် သက်ဆိုင်သမျှသော ကိစ္စရပ်များ ပါရှိလေသည်။ လူမှုရေး၊ ရပ်ရေးရွာရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ဘာသာရေး ဆိုင်ရာကဏ္ဍ စသည်တို့ ပါရှိသည်။ ကုရ်အာန်ကျမ်းမြတ်သည် သဘောတရား သက်သက်လည်း မဟုတ်ပဲ လူသားတို့အားလက်တွေ့ ကျင့်သုံးအပ်သည်များကို အမြဲတစေ တိုက်တွန်းပေးနေသည့် ကျမ်းကြီး တစ်ခုဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်သည် လူသားများအား တရားလမ်းမှန် ရရှိစေရန် အတွက် နည်းမျိုးစုံအား လမ်းမျိုးစုံဖြင့် ဖော်ပြထားပေသည်။ ကျမ်းမြတ်ကုရ်အာန်တွင် အစောင်(၃၀)၊ စူရာပေါင်း(၁၁၄)နှင့် အာယသ်တော်ပေါင်း (၆၂၃၆)ပါရှိသည်။ ကုရ်အာန် ကျမ်းမြတ်ပါ စကားလုံးများမှာ နက်နဲ့သောပညာရပ် အတိနှင့်ပြီးပြည့် နေခြင်းကြောင့် သာမန်လူတစ်ဦးအဖို့ ဆိုလိုရင်းကို အကုန်အစင် အတိအကျ မသိနိုင်ပေ။ ထိုကြောင့် ဠီကာဖွင့်ချက်များကို တလွှဲကောက်ယူ မိတက်၏ ထို့အတွက်ကြောင့် ကျမ်းကို တကယ်ထိတွေ့ နားလည်ထားသည့်တမန်တော် မြတ်ကြီး နှင့် ၄င်း၏ အိမ်တော်သူ အိမ်တော်သားများ အဲဟ်လေဗိုက်(သ) များ၏ သွန်သင်ချက်များကို လက်ကိုင်ပြုဖို့လိုအပ်သည်။ ထိုအချက်နှင့် ပက်သတ်၍ တမန်တော်မြတ်ကြီးကိုယ်တိုင် မိန့်တော် မူထားသည်မှာ-
၂၇ မေ ၂၀၁၂ - ၁၉:၃၀
News ID: 318192
မိုဟမ္မဒ် မာဆူမ်အလီ ရေးသားသီးကုံးထားသည့် ((ကုရ်အာန်အကြောင်းသိကောင်းစရာ)) အား အဗ်နာ စာဖတ် ချစ်ပရိသတ်များ အတွက် အသုံးဝင် တန်ဖိုးရှိမည်ဟု ကျွန်တော်များ အဗ်နာ မှ မျှော်လင့်ပြီးတင်ပြအပ်ပါသည်။