အဗ်နာ သတင်းဌာန အနေဖြင့် အီးက်နာ သတင်းဌာမှ တဆင့်အောက်ပါအတိုင်းပြောပြလိုက်ပါသည်။အလ်အာလမ်အင်တာနက်သတင်းဌာနမှတဆင့်အီးက်နာအပြည်ပြည်ဆိုင်ရာကျမ်းတော်မြတ် ကုရ်အာန်သတင်းဌာန -အီရန် - မှ တင်ပြသည်မှာ -အာယာသွလ္လာဟ် ဆရက် မို ဟမ္မဒ် ဘာကဲရ် အလ်မဟ်ရီ အနေဖြင့် ဆော်ဒီဝဟာဘီမွဖ်သီ အလ်အရီဖီ၏စော်ကားမှု နှင့် ပတ် သက်ပြီး ပြောကြားသည်မှာ -ဆော်ဒီဝဟာဘီမွဖ်သီ အလ်အရီဖီ ၏စော်ကားမှု မှာ မဟာ တမန်တော်မြတ်ကြီး (ဆွ) အား လိမ်ပြော စွပ်စွဲ စော်ကားခဲ့ ခြင်း ဖြစ် ပါသည်။ဆော်ဒီဝဟာဘီမွဖ်သီ မိုဟမ္မဒ်အလ်အရီဖီ အနေဖြင့် မကြာသေးမှီက - ယူအေအီ ရုပ်မြင်သံကြား လိုင်းတစ်ခုတွင် တမန်တော်မြတ်ကြီး(ဆွ) သည် အရက်သေစာ အား ဟရမ်အမိန့် မကြမည်အရင် ၊အရက်သေစာ ရောင်းခဲ့ သည်(သို့) လက်ဆောင်ပေးခဲ့သည်ဟု မဟုတ်မတရား စွပ်စွဲခဲ့ပေသည်။
၅ ဇွန် ၂၀၁၂ - ၁၉:၃၀
News ID: 320209
ဆော်ဒီမွဖ်သီ မှ ကိုယ်တော်မြတ် မိုဟမ္မဒ်(ဆွ) အားစွပ်စွဲ စော်ကားမှု ကူဝိတ်နိုင်ငံရှိ ရှီအာ မရ်ဂျာ ကိုယ်စားလှယ်မှ ဆော်ဒီမွဖ်သီ အား ဝန်ချ တောင်းပန်ရန် တောင်းဆို ကူဝိတ်နိုင်ငံရှိ ရှီအာ မရ်ဂျာ အာယာသွလ္လာဟ် ဆရက် မို ဟမ္မဒ် ဘာကဲရ် အလ်မဟ်ရီ ၏ကိုယ်စားလှယ်မှ ဆော်ဒီမွဖ်သီ အား တမန်တော်မြတ်ကြီး(ဆွ)အားစော်ကားမှုပြစ်မှု အတွက် ကမ္ဘာမွတ်စလင်များ အားဝန်ချ တောင်းပန်ရန် တောင်းဆို ခဲ့ ပေသည်။