အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန - အဗ်နာ မှတင်ပြသည်မှာ - နာယေဖ်ဗင်အဗ်ဒွလ်အဇီးဇ် မကွယ်လွန်မည် အချိန်နှင့်ပတ်သက်ပြီး ဆော်ဒီနန်းတွင်းဆိုင်ရာ အတိအကျသတင်းပေးဌာနမှ ပြောကြားသည်မှာ -၎င်းသည်အချိန်တော်တော်ကြာနာမကျန်း သူဖြစ်ပေသည်။ဆေးဝါးကုသရန်ပြည်ပနိုင်ငံသို့သွားရောက်ခဲ့ပေသည်။ထိုသို့ကုသနေချိန် ကွယ်လွန်ခဲ့ခြင်းဖြစ်ပါသည်. ဆော်ဒီအိမ်ရှေ့မင်းသား နာယေဖ်ဗင်အဗ်ဒွလ်အဇီးဇ်၏ နမာဇ်ဂျနာဇာ မနက်ဖန် တနင်္ဂနွေနေ့ အေရှာနမာဇ်အပြီးမက္ကာအ်ရွှေမြို့တော်တွင် ဖတ်ကြမည်ဖြစ်ပါသည်။ ၎င်းသည်မလစ်က်အဗ်ဒွလ်အဇီးဇ်၏သား(ဆော်ဒီပဒေသရာဇ်မင်းလောင်းထိုနည်းတူစွာဖဟ်ဒ်အဗ်ဒွလ်အဇီးဇ်(လောင်း)၏အစ်ကိုဖြစ်ပြီး၊လက်ရှိဆော်ဒီပဒေသရာဇ်မင်းအဗ်ဒွလ်လ္လာဟ်၏ညီလည်း ဖြစ်ပေသည်။ နာယေဖ်ဗင်အဗ်ဒွလ်အဇီးဇ် သည် စိုလ်တန်ဗင်အဗ်ဒွလ်အဇီးဇ် ကွယ်လွန်ပြီးနောက် ၅ ရက်ကြအချိန် ၂၇ ၊အောက်တိုဘာ၊၂၀၁၁ ခုနှစ် အဗ်ဒွလ်လ္လာဟ် အဗ်ဒွလ်အဇီးဇ်ဖက်မှ အိမ်ရှေ့မင်းအဖြစ်ခန်အပ်ခံခဲ့ခြင်းဖြစ်ပါသည်။ နာယေဖ်ဗင်အဗ်ဒွလ်အဇီးဇ် သည် သွာအေဖ်မြို့၌ ၁၉၃၃ ခုနှစ်တွင်မွေးဖွားခဲ့ပါသည်။ မိမိဘဝတစ်လျောက် အောပ်ဖော်ပြ ရာထူးများကို ထမ်းဆောက်ခဲ့ပေသည်။ ၁၉၅၃ မှ ၁၉၅၄ ထိ ရေယာဇ်မြို့ပိုင်အဖြစ်၎င်း ၁၉၇၀ နိုင်ငံခြားရေးဌာန၏အကြီးဆုံးတာဝန်ခံ ၁၉၇၀ ပြည်တွင်းလုံခြည်ရေး ဆိုင်ရာ အတိုင်ပင်ခံဝင်ဝန်ကြီး နှင့် သတင်းများဆိုင်ရာအမြင့်ဆုံး ကောင်စီ၏ ဥက္ကဋ္ဌ ၁၉၇၅ နိုင်ငံခြားရေးဝန်ကြီး ဌာန၏ တာဝန်ခံ
၁၆ ဇွန် ၂၀၁၂ - ၁၉:၃၀
News ID: 322737
ဆော်ဒီအိမ်ရှေ့မင်းသားကွယ်လွန် ဆော်ဒီ အာဏာပိုင်ဌာနများမှတရားဝင်ကြေငြာသည်မှာ နာယေဖ်ဗင်အဗ်ဒွလ်အဇီးဇ် ဆော်ဒီ အိမ်ရှေ့မင်းသားကွယ်လွန် သွားပြီးဖြစ်ကြောင်းဖြစ်ပေသည်။