بسم الله الرحمن الرحیم "اللَّهُمَّ كُنْ لِوَلِيِّكَ الحُجَةِ بنِ الحَسَن صَلَواتُکَ علَیهِ و عَلی آبائِهِ فِي هَذِهِ السَّاعَةِ وَ فِي كُلِّ سَاعَةٍ وَلِيّاً وَ حَافِظاً وَ قَائِداً وَ نَاصِراً وَ دَلِيلًا وَ عَيْناً حَتَّى تُسْكِنَهُ أَرْضَكَ طَوْعاً وَ تُمَتعَهُ فِيهَا طَوِيلا" အေမာမ်ဇမန် (အ.ဂျ)၏ စလာမသ်သီ(အေးချမ်း၊ကျန်းမာ၊သာယာရေး ) အတွက် ဒိုအာ (မဟာ) သနားကြင်နာ၊ညှာတာတော်မူသော ၊(မဟာ)အနန္တဂရုဏာတော်ရှင်ဖြစ်တော်မူသော မြတ်အလ္လာဟ် ၏အမည်နာမတော်ဖြင့်(ဦးစွာ) အစပြုပါသတည်း။ အိုအလ္လာဟ်ဟိုအရှင်မြတ်သခင် အသင်၏ ဝလီ ၊ဟဇရတ်ဟွဂျသ်သေဗ်နေဟစန် (အ.ဂျ) နှင့် ကိုယ်တော်၏ ဖခမည်းတော်နှင့်ဘိုးတော်များ အပေါ်အရှင်မြတ်၏ စလ်ဝါသ်(ငြိမ်းချမ်းသာယာခြင်း အဖြာဖြာ) ချီးမြှင့်ပေးသနားတော်မူပါ။ ယခုအချိန်မှစ၍အချိန်တိုင်းအရှင်မြတ်အနေဖြင့်ကိုယ်တော်(အ.ဂျ)၏အုပ်ထိန်းသူ၊ထိန်းသိမ်းစောင့် ရှောက်သူ၊ခေါင်းဆောင်၊ဦးသျှောင် ၊ ကူညီဖေးမသူ ၊ညွှန်ကြားပေးသူနှင့် ကြည့်ရှု့စောင်မသူ ဖြစ်တော်မူပါ။ ကိုယ်တော်(အ.ဂျ)အနေဖြင့် တည်ငြိမ်၊အေးချမ်းမှုဖြင့်အသင်၏မြေပထဝီပေါ်တွင် နေထိုင်တော်မူရန် အထိ စွမ်းအားပေးသနားတော်မူပါ။ ကြာမြင့်သည်အချိန်ကာလတစ်ခုတိုင်ကိုယ်တော်အားအကျိုးအမြတ်ပြုတော်မူပါ။
၁၆ ဇွန် ၂၀၁၂ - ၁၉:၃၀
News ID: 322894
အေမာမ်ဇမန် (အ.ဂျ)၏ စလာမသ်သီ(အေးချမ်း၊ကျန်းမာ၊သာယာရေး ) အတွက် ဒိုအာ ဖြစ်ပါသည်။ အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ