အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန - အဗ်နာမှ တင်ပြသည်မှာ -အလ်အာလင်မ် အင်တာနက် သတင်းဌာနမှနဆင့် အီးက်နာအပြည်ပြည်ဆိုင်ရာကျမ်းတော်မြတ် ကုရ်အာန်သတင်းဌာန အီရန်မှတင်ပြ သည်မှာ- ဇွန်လ ၁၆ရက်နေ့တွင် အီရတ်နိုင်ငံ တွင် အေမာမ်မူစာယေကာဇင်(မ်)(အ.စ)၏ရှဟာဒတ်အား သိန်းပေါင်းများစွာသော ပြည်တွင်း ၊ပြည်ပမှ ဇေယာရတ်ပြုသူများဖြင့် ကျင်းပခဲ့ပါသည်။ လုံခြုံရေးအပြင်းအထန်ချထားသည်ခြားမှပင်ဇွန်လ၁၆ရက်နေ့ဇဟိုရ်အချိန်၊အေမာမ်မူစာယေကာဇင်(မ်)(အ. အားဇေယာရတ်ပြုဖို့ သွားသည် လမ်းတွင် ၊အလ်ရှိုအ်လေဒေသတွင် ကား ၂စီး မှဗုံးထ ကွဲရာခဲ့ရာ တနေရာတည်း ၁၄ ဦး ရှဟီးဒ်ဖြစ်သွားရလေသည်။ အခြား ၃၂ ဦးမှ ဒဏ်ရာ ရခဲ့လေသည်။ ဤဗုံးကွဲမှု ဖြစ်ပွားပြီးနောက် ၂နာရီခန့် အကြာတွင်ကာဇမိုင်းမြို့အနီးရှိ ((အဒ်န်)) ကွင်းပြင်တွင် နောက်ထပ် ကား ၁ စီးမှ ထပေါက်ကွဲရာ ၁၈ဦး ရှဒီးဒ် ဖြစ်ခဲ့ပြီး ၃၆ ဦး ဒဏ်ရာ ရခဲ့လေသည်။ ဤဗုံးကွဲမှု ၂ ခု ဖြစ်ပြီးနောက် တရားဝင်ဆေးရုံမှ ရှဟီးဒ်ဖြစ်ခဲ့သူအရည်အတွက်အား ၃၄ ယောက်ကြေငြာ ခဲ့ပါသည်။ မြင်တွေ့နေရသူများမှယုံကြည်ထားသည့် အချက်မှ အီရတ်လက်ရှိအစိုးရဆန့်ကျင်ရေးသမားများသည် အချို့ကိုလိုနီ နိုင်ငံများ၏ကူညီထောက်ပံ့မှုဖြင့် အကြမ်းဖက်မှု ကို ပြုလုပ်ပြီး ၊အစိုးရအနေဖြင့် မနိုင်ကြောင်းကို ပြသလိုသည်အတွက်ကြောင့်ဖြစ်သည်ဟုဆိုလေ၏။
၁၈ ဇွန် ၂၀၁၂ - ၁၉:၃၀
News ID: 323163
အေမာမ်မူစာယေကာဇင်(မ်)(အ.စ)အားဇေယာရတ်ပြုသူ ၃၂ဦးရှဟီးဒ်ဖြစ် အပြည်ပြည်ဆိုင်ရာ ။ ။ အေမာမ်မူစာယေကာဇင်(မ်)(အ.စ)အားဇေယာရတ်ပြုသူ ၃၂ဦး သည်ဘဂ္ဂဒတ် မြို့ တွင် ကား ၂ စီး မှဗုံးထ ကွဲရာ ရှဟီးဒ်ဖြစ်သွားရလေသည်။