အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန- အဗ်နာ ။ ။ ဆော်ဒီရှိရှီအာ အွန်းလိုင်းသတင်းထောက်မှ တင်ပြသည်မှာ- ဆော်ဒီအစိုးရအနေဖြင့် ဆော်ဒီအိမ်ရှေ့မင်းသား နာရေဖ် ဗင် အဗ်ဒွခ်အဇီးဇ်အာလေဆော်အူးဒ်၏ ဒဖနာမှု အစီအစဉ်၌လုံခြုံရေးအတွက် မက္ကာအ်ရွှေမြို့တော်ရှိ အိုမရဟ်ပြုသူများကို အတင်းအကြပ် ဖိစီး၊စိစစ်မှုများပြုခဲ့ပါသည်။ သတင်းထောက်မှဆက်လက်ပြောကြားသည်မှာ - အစပထမတွင် လမ်းမများ၊ အထူးသဖြင့် မစ်ဂျစ်ဒ်ဟရမ် ၊ကအ်ဗာဝတ်ကျောင်းတော်အနီးရှိလမ်းများ ပေါ်တွင်အသွားအလာကိုတားမြစ်ခဲ့ကြောင်း၊နမာဇ်စေအေရှာအပြီးဆော်ဒီအိမ်ရှေ့မင်းသားနာရေဖ်ဗင်အဗ်ဒွခ်အဇီးဇ်အာလေဆော်အူးဒ်၏ဒဖနာမည်ဖြစ်ရာ ၊နမာဇ်စေအေရှာအချိန်နီးလာချိန်တွင် ဆော်ဒီရဲ များမှမစ်ဂျစ်ဒ်ဟရမ်၊ကမ်ဗာဝတ်ကျောင်းတော်အနီးရှိဟိုတယ်များတွင်တည်းခိုနေသည်အိုမရဟ် ပြုသူများကို မိမိတို့ဟိုတယ်ကို စွန့်ပြီးအခြား အဝေးရှိ ဟိုတယ်များသို့ပြောင်းသွားရန်အတင်းအကြပ် ပြုခဲ့ကြောင်း ပြောဆိုခဲ့ပါသည်။ ဆက်လက်၍ပြောကြားသည်မှာ - ဤအတွက်ကြောင့် မြောက်များစွာသော ဆော်ဒီရှိ အိုမရဟ်ပြုသူများအနေဖြင့် အမြန်အမြန်အါမါလ် အိုမရဟ်နှင့်ဇေယာရတ် ဘိုင်သွလ်လ္လာဟ် ကိုပြုခဲ့ကြပြီး မက္ကာအ်ရွှေမြို့တော် မိမိတို့မြို့များသို့ပြန်ခဲ့ ကြရပေသည်။ ................................................................
၂၁ ဇွန် ၂၀၁၂ - ၁၉:၃၀
News ID: 324071
ဆော်ဒီအိမ်ရှေ့မင်းသားဈာပနာအတွက်ကြောင့် အိုမရဟ်ပြုသူများကိုမောင်းထုတ် ဆော်ဒီအစိုးရအနေဖြင့် ဆော်ဒီအိမ်ရှေ့မင်းသား နာရေဖ် ဗင် အဗ်ဒွခ်အဇီးဇ်အာလေဆော်အူးဒ်၏ ဒဖနာမှု အစီအစဉ်၌လုံခြုံရေးအတွက် မက္ကာအ်ရွှေမြို့တော်ရှိ အိုမရဟ်ပြုသူများကို အတင်းအကြပ် ဖိစီး၊စိစစ်မှုများပြုခဲ့ပါသည်။