အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာ ။ ။ စင်ကာပူရဲဌာန၏ အစီရင်ခံစာတွင် အွန်လိုင်းပေါ့်၌ ၄င်းတို့နှစ်ဦးရေးသားထားသော မှတ်ချက်မှာ စင်ကာပူရှိ အမျိုးမျိုးအပြားပြားကွဲပြားနေသည့် လူမျိုးများအကြား မိတ်ဆွေအရင်းအခြာဖြစ်ခြင်းကို ထိခိုက်စေနိုင်ပြီး ရန်သူများသဖွယ်ဖြစ်လာနိုင်စေကြောင်း သိရသည်။ သံသယဖြစ်ဖွယ် တရားခံနှစ်ဦးကို စီရင်ချက်မချမီ နောက်ထပ် ၂ရက် ထိန်းချုပ်ထားခဲ့သည်။ စင်ကာပူနိုင်ငံဥပဒေ Sedition Act အရ ထိုကဲ့သို့ လူမျိုးရေးခွဲခြားမှုပြစ်ဒဏ်မှာ ဒဏ်ငွေ ဒေါ်လာ ၅ ထောင်နှင့် ထောင်ဒဏ် ၃ နှစ်အထိဖြစ်ကြောင်း သိရသည်။ စင်ကာပူရဲများကမူ လွတ်လပ်စွာပြောဆိုပိုင်ခွင့်နယ်ပယ်တွင် လူမျိုးရေးနှင့် သာသနာရေး ပဋိပက္ခများဖြစ်ပွားစေနိုင်သည့် မှတ်ချက်များ မပါဝင်ကြောင်း ပြောဆိုသည်။ စင်ကာပူနေ ပြည်သူများအနေဖြင့် အခြေအနေပိုမိုဆိုးရွားမလာစေရန် ယင်းကိစ္စနှင့် ပတ်သတ်ပြီး ပြန်လည်တင်ပြပြောဆိုခြင်းနှင့် မှတ်ချက်တစုံတရာ ပေးခြင်းများမှ ရှောင်းရှားသင့်ကြောင်း စီအင်အေက ဖော်ပြသည်။ ဘီဒွတ်ရဲဌာနမှူးနှင့် ဒုတိယ ရဲမင်းကြီးဖြစ်သူ ဟောင်းကွမ်ဟွီးကမူ “အင်တာနက်က တစုံတယောက်ရဲ့အမြင်ကို ဖော်ပြဖို့ လွယ်ကူတဲ့နေရာတစ်ခုပါ။ ဒါပေမယ့် သူတို့ရဲ့အွန်လိုင်းပေါ်မှာ ပြုလုပ်လိုက်တဲ့ အပြုအမူတွေအတွက် တာဝန်ယူပေးရမယ်ဆိုတာ လူထုဘက်က သဘောပေါက်ထားရပါမယ်။ ရဲများဘက်ကတော့ သဟာဇာတရှိနေတဲ့ စင်ကာပူ လူနေမှုအသိုင်းအ၀န်းကို ခြိမ်းခြောက်နိုင်တဲ့ ခက်ထန်တဲ့ ဘယ်အပြုအမူကိုမဆို ကိုင်တွယ်သွားမှာပါ” ဟု ပြောကြားသည်။ ===================== //////////////////// ==================
၃ ဇူလိုင် ၂၀၁၂ - ၁၉:၃၀
News ID: 326720
အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်၂ဦးကို စင်ကာပူရဲများက အွန်လိုင်းပေါ်တွင်လူမျိုးရေးခွဲခြား မှုမှတ်ချက်ကြောင့် တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်ကြောင်း စီအင်အေသတင်းက ဖော်ပြသည်။