အလ္လာဟ်ဟိုအရှင်မြတ်သခင်သည်မိမိ၏အထူးပေးကမ်းရက်ရောမှု၊စွန့်ကြဲမှု၊ရဟ်မသ်တော်၊နေအ်မသ် တော်၊ မေတ္တာ၊ဂရုဏာတော်၊ချီးမြှင့်ပေးသနားမှုတို့ဖြင့်ဤလောကတွင်အခြားအဖန်းဆင်းခံများ၊ယုတ်စွ ကောင်းကင် တမန်များကိုမပေးထားသည့်နေအ်မသ်တော်များကိုမနုဿလူသားအားချီးမြှင့်ထားတော်မူပေသည်။ မနုဿလူသားအားအလ္လာဟ်ဟိုအရှင်မြတ်ချီးမြှင့်ထားသည်နေအ်မသ်တော်များကိုအလ္လာဟ်ဟိုအရှင် မြတ်သခင်၏အမိန့်တော်များအတိုင်းအသုံးချမည်ဆိုလျှင် ကိုယ်ခန္ဓာနှင့်ရူဟ်အတွက်တိုးတက်ဖွံ့ဖြိုးမှု ကိုဖြစ်ထွန်းစေပါသည်။ ပြီးနောက်လောကီလောကုတ္တရာနှစ်ဌာနအတွက်အောင်မြင်မှုကိုဆွတ်ခူးနိုင်မည်ဖြစ်ပေသည်။ ဤနေရာတွင်ကျွန်တော်တို့အနေဖြင့်နေအ်မသ်တော်များနှင့်ပတ်သက်ပြီးထမ်းဆောင်ရမည့် အချက် (၁၂)ချက်ရှိကြောင်းကျမ်းတော်မြတ်ကုရ်အာန်တွင်လေ့လာမှတ်သားနိုင်ပေသည်။ နေအ်မသ်တော်များနှင့်ပတ်သက်ပြီးထမ်းဆောင်ရမည့်အချက်(၁၂)ချက်ကျမ်းတော်မြတ်ကုရ်အာန် တွင်ရှိကြောင်းကိုဟွဂ်ျဂျသွလ်အစ္စလာမ်ဝလ်မွတ်စလေမီအွစ်စတတ်ဟိုစိုင်အန်ဆာရီရန်အနေဖြင့်မိမိ၏ ((သောင်ဗာအာဂိုရှေရဟ်မသ်))စာအုပ်တွင်ရေးသားသီးကုံးထားပါသည်။ကျွန်တော်အနေဖြင့်အကျဉ်း ချုပ်ကောက်နှုတ်ရေးသားသီးကုံးလိုက်ရပါသည်။ ၎င်းအချက် (၁၂) ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။ မြောက်များစွာသောနေအ်မသ်တော်များ(သိနားလည်ရန်) ၂။ နေအ်မသ်တော်အားဆွတ်ခူးနိုင်သည့်လမ်း (သိနားလည်ရန်) ၃။ နေအ်မသ်တော်အပေါ်ဂရုပြုခြင်း ၄။ နေအ်မသ်တော်အပေါ်ရှိုးက်ရ်ပြုခြင်း ၅။ နေအ်မသ်တော်အပေါ်ရှိုးက်ရ်မပြုခြင်းမှရှောင်ရှားခြင်း ၆။ နေအ်မသ်တော်များမရေတွက်နိုင်ခြင်း ၇။ နေအ်မသ်တော်၏တန်ဖိုးကိုသိသူဖြစ်ခြင်း ၈။ နေအ်မသ်တော်များကိုဖြုန်းတီးခြင်း ၉။ နေအ်မသ်တော်များကိုအသုံးပြုရာတွင်စေးနှေးခြင်း ၁၀။ နေအ်မသ်တော်များရုပ်သိမ်းခံရခြင်း၏အကြောင်းများ ၁၁။ နေအ်မသ်တော်အဆုံးသတ်ခြင်း ၁၂ ။ နေအ်မသ်တော်ကိုနေရာမှန်သုံးနိုင်သည့်အတွက်အကျိုးဆုလာဒ် တို့ဖြစ်ပါသည်။ ထပ်မံပြီး အထက်ဖော်ပြပါအချက် ၁၂ချက် ကို ဖော်ပြ၊ဖော်ဆောင်ထားသည့်ကျမ်းတော်မြတ်ကုရ်အာန် ၏အာယတ်တော်များကိုဖော်ပြပေးပါမည်၊အချိန်ပေးပြီးလေ့လာစေလိုပါသည်။ အချက် (၁) အတွက် စူရယေလွတ်ကမန်၊အာယတ်တော်အမှတ် ၂၀ အချက်(၂)အတွက်စူရယေနေစာ၊အာယတ်တော်အမှတ်၂၉၊စူရယေဗက်ရာ၊အာယတ်တော်အမှတ် ၁၆၈ အချက် (၃) အတွက် စူရယေဖွာတေရ် ၊အာယတ်တော်အမှတ် ၃ အချက် (၄) အတွက် စူရယေနဟလ်၊အာယတ်တော်အမှတ် ၁၁၄ ၊ စူရယေအန်ကဗူသ် ၊အာယတ်တော်အမှတ် ၁၇ အချက် (၅) အတွက် စူရယေအီဗရာဟီးမ် ၊အာယတ်တော်အမှတ်၂၈ ၊၂၉ အချက် (၆) အတွက် စူရယေလွတ်ကမန်၊အာယတ်တော်အမှတ် ၂၇… အချက် (၇) အတွက် စူရယေဟမ်ဒ်၊အာယတ်တော်အမှတ်၆၊၇ အချက် (၈) အတွက် စူရယေနေစာ၊အာယတ်တော်အမှတ် ၆၉… အချက် (၉) အတွက် စူရယေအာလေအမ်ရာန်၊အာယတ်တော်အမှတ် ၁၈၀ အချက် (၁၀) အတွက် စူရယေအစာရာ၊အာယတ်တော်အမှတ်၈၃… အချက် (၁၁) အတွက် စူရယေမာအေဒါ၊အာယတ်တော်အမှတ် ၃ … အချက် (၁၂) အတွက် စူရယေဟဒီးဒ် ၊အာယတ်တော်အမှတ် ၁၁…
၁၁ ဇူလိုင် ၂၀၁၂ - ၁၉:၃၀
News ID: 328508
နေအ်မသ်တော်များနှင့်လူသား၏တာဝန် အလ္လာဟ်ဟိုအရှင်မြတ်သခင်သည်မိမိ၏အထူးပေးကမ်းရက်ရောမှု၊စွန့်ကြဲမှု၊ရဟ်မသ်တော် ၊နေအ်မသ် တော်၊ မေတ္တာ၊ဂရုဏာတော်၊ချီးမြှင့်ပေးသနားမှုတို့ဖြင့်ဤလောကတွင်အခြားအဖန်း ဆင်းခံများ၊ယုတ်စွ ကောင်းကင်တမန်များကိုမပေးထားသည့်နေအ်မသ်တော်များကိုမနုဿလူသား အားချီးမြှင့်ထားတော်မူပေသည်။