၁၈ ဇူလိုင် ၂၀၁၂ - ၁၉:၃၀

တီဟီရန် မြို့ မိုဆွာလာ တွင်ကျင်းပသည့် အကြိမ် (၂၀) မြောက် နိုင်ငံတကာ ကျမ်းတော်မြတ် ကုရ်အာန် ပြပွဲ တွင် ဒါရွလ် မက်သပ်ဗ် အလ်အေမီယေ စာပေတိုက် ဘေရွတ်မြို့မှ လည်းနေရာယူ ပြသခဲ့ပါသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ ဒါရွလ် မက်သပ်ဗ် အလ်အေမီယေ စာပေတိုက် ဘေရွတ်မြို့ ပြခန်း ၏ တာဝန် ခံ နှင့် အီးက်နာ အပြည်ပြည် ဆိုင်ရာ ကျမ်းတော်မြတ် ကုရ်အာန် သတင်း ဌာနအီရန် တွေ့ဆုံချိန်     တွင် ၊ မိမိတို့ စာပေတိုက် အနေဖြင့် တီဟီရန်နိုင်ငံတကာ စာပေ ပြပွဲတွင် ၂၅ ကြိမ် တိတိ ဝင်ရောက်ယူခဲ့ကြောင်း ၊ သို့သော် ဤ အကြိမ် (၂၀) မြောက် နိုင်ငံတကာ ကျမ်းတော်မြတ် ကုရ်အာန် ပြပွဲ တွင် ပထမဆုံး   အကြိမ် ဝင်ရောက် ပြသမှု ဖြစ် ကြောင်း ၊ပထမဆုံး အကြိမ်    အလ္လာဟ် ဟိုအရှင်မြတ်၏ ကျမ်တော်မြတ် ကုရ်အာန် နှင့် ပတ်သက်ပြီး ဝင်ရောက် နေရာယူ  နိုင်သည် စွမ်းအား ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ပြောကြားသည်ကား -  ဒါရွလ် မက်သပ်ဗ် အလ်အေမီယေ စာပေတိုက် ဘေရွတ်မြို့ အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် နှင့်စပ်လျဉ်း ပြီး သဖ်စီးများ နှင့် အဖိုးတန် မအာရေဖ် ကုရ်အာန်နီ ခေါင်းစဉ် ပေါင်း    ၁၈၀ ကျော် ကို ကြည့်ရှု့သူများ အတွက် ပြသနေရာယူ ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဤဒါရွလ် မက်သပ်ဗ် အလ်အေမီယေ စာပေတိုက် ဘေရွတ်မြို့ သည် သက်တမ်း ၃၅ နှစ် ရှိပြီး ဖြစ်ပြီး သဖ်စီးရာဇီး ၊ကရှာဖ် ဇမခ်ရှရီ ၊သဗ်ရီ စသည်ဖြင့် စာပေလက်ရာ များကို ပြ သ     နေရာ ယူထားပြီး ဖြစ်ပါသည်။