၁၈ ဇူလိုင် ၂၀၁၂ - ၁၉:၃၀

သဂျာမိုယေ အိုလမာယေအစ္စလာမ် လက်ဘနွန် (ရှီအာ ၊ စွန္နီ အိုလမာ) အဖွဲ့အနေဖြင့် ဇူလိုင်လ ၁၈ ရက်နေ့ ညတွင် ဟဇရတ်အာယာသွလ်လ္လာဟ် အလ်အွဇ်မာ မကာရေမ် ရှီးရာဇီးနှင့်တွေ့ဆုံ စကားဆိုခဲ့ ကြပါသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ ။ ။သာသနာရွှေမြို့တော်ကွမ်းမြို့ ဆိုင်ရာ အီးက်နာ အပြည်ပြည် ဆိုင်ရာ ကျမ်းတော်မြတ် ကုရ်အာန် သတင်း ဌာနအီရန် မှ တင်ပြသည်မှာ -  ဟဇရတ်အာယာသွလ်လ္လာဟ် အလ်အွဇ်မာ မကာရေမ် ရှီးရာဇီးအနေဖြင့် ဤကဲ့သို့ သဂျာမိုယေ အိုလမာယေအစ္စလာမ် အား ဖွဲ့စည်းနိုင်ခြင်းသည် မွတ်စလင်များ စည်းလုံး ညီညွတ်မှု အတွက် ကောင်းသည့်  အကျိုး သက်ရောက်မှု ရှိမည် ဖြစ်ကြောင်း ၊ သင့်တော်ကြောင်း ပြောကြားခဲ့ပါသည်။  ဆက်လက်ပြီး ဟဇရတ်အာယာသွလ်လ္လာဟ် အလ်အွဇ်မာ မကာရေမ် ရှီးရာဇီးအနေဖြင့်        (ဝဲဟ်ဒသ် သေ အစ္စလာမ်မီ )လူထု အကြားတွင် အရေးကြီးကြောင်း နှင့် ပတ်သက်ပြီး              ကျမ်းတော်မြတ် ကုရ်အာန် နှင့် ရေဝါယတ်တော်များတွင် လာရှိ ကြောင်း စသည်ဖြင့် ရှီအာ နှင့်စွန္နီ အိုလမာ တို့အားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဤမရ်ဂျယေ သက်္ကလီးဒ် ဟဇရတ်အာယာသွလ်လ္လာဟ် အလ်အွဇ်မာ မကာရေမ် ရှီးရာဇီးအနေဖြင့် မွတ်စလင်များအကြား အစ္စလာမ်အတွက် အတူတူ တွဲပြီး အကျိုးဆောင်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ဟေဆန် အဗ်ဒွလ်လ္လာဟ် (သဂျာမိုယေ အိုလမာယေအစ္စလာမ် လက်ဘနွန် (ရှီအာ ၊ စွန္နီ အိုလမာ) အဖွဲ့ ဥက္ကဋ္ဌ အနေဖြင့်လည်း တရားဟောကြားပြီး မိမိတို့  အဖွဲ့အစည်း၏ လှုပ်ရှားမှု အစီရင်ခံစာ ကို တင်ပြပြီး ၊မိမိတို့ အဖွဲ့ အတွင်း ဆီးရီးယား၊လက်ဘနွန် ၊ဂျောဒန်၊ပါလက်စတိုင် မှ အိုလမာများ ပါဝင်ကြောင်းပြော ကြားတင်ပြ ခဲ့ပါသည်။**********************************************************************