အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန၊အဗ်နာ။ ။ မဟ်မူဒ်ရစူလ်လီနေဂျာဒ် လေယာဉ်ကွင်းဆိုင်ရာစီအီအို အနေဖြင့် ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံ၏မြို့တော်တီဟီရန်တွင်ကျင်းပမည့်အဖွဲ့ဝင်မဟုတ်သူများ၏ထိပ်သီးအစည်းအဝေးပွဲတော်တက်ရောက်မည့်ဧည့်သည်နိုင်ငံများအားကြိုဆိုရန်တီဟီရန်ရှိလေယာဉ်ကွင်းများ အသင့်ရှိနေကြောင်း ရုပ်မြင်သံကြားအစီအစဉ် တစ်ခုတွင် ပြောကြားခဲ့ပါသည်။၎င်းအနေဖြင့် ပြောကြားသည်မှာ - အဖွဲ့ဝင်မဟုတ်သူများ၏ထိပ်သီးအစည်းအဝေးပွဲတော်တက်ရောက်မည့်ဧည့်သည်နိုင်ငံများ လေယာဉ်များ နှင့်ပတ်သက်ပြီး ၂လနီးပါးအရင်တီဟီရန်လေယာဉ်ကွင်းများနှင့်ဆက်သွယ်ခဲ့ရာယခုဆိုလျှင် နိုင်ငံပေါင်း ၃၁ နိုင်ငံ၏ အဝင်အထွက်လေယာဉ် ခရီးစဉ်များ ကို နာရီအထိအကျကိုကျွန်ုပ်တို့အား ကြေငြာထားပြီး ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ဆက်လက်ပြီး တီဟီရန် ရှိ မဟ်အာပါဒ် လေဆိပ် သည်ဤ အစည်း အဝေးပွဲတော်အတွက် ပိတ်ထားသည်ဆိုသည်မှာ မဟုတ် ကြောင်း ၊ နေညဤ အစည်းအဝေး ပွဲတော် အတွက် ၅၀ % လေယာဉ်ပျံသန်းမှု ကို တိုးချဲ့ထားကြောင်း ပြောကြားခဲ့ပါသည်။မဟ်မူဒ်ရစူလ်လီနေဂျာဒ် အနေဖြင့် ဤကဲ့သို့ ဆက်လက်ပြီး ပြောကြားခဲ့သည်မှာ -၂လအရင် လေယာဉ်လိုင်းများမှ မိမိတို့ ၏ ခရီးလမ်းကြောင်း၊ခရီးစဉ်များ ကို လက်မှတ်များ မရောင်းမိ စေရန် အတွက် လုပ်ထားကြ ပြီး အခြားလမ်းများအတွက်လက်မှတ်များရောင်းချပေးနေကြောင်း သိရပါသည်။အကယ်၍ မည်သူ မဆို ဖျက်သိမ်းထားသည့် ခရီးစဉ်အတွက် လေယာဉ် လက်မှတ်ဝယ် ထားမိပါက ၊ မိမိတို့ ဝယ်ယူထားသည့် အေဂျင်စီများ သို့ ဆက်သွယ်ရပေမည်။(၁၆)ကြိမ်မြောက်အဖွဲ့ဝင်မဟုတ်သူများ၏ထိပ်သီးအစည်းအ ဝေးပွဲတော်အတွက် အေမာမ်ခိုမေနီ(ရ.ဟ) လေယာဉ်ကွင်းနှင့် မဟ်အာပါဒ် လေဆိပ် ကို အသုံးပြုမည် ဖြစ်ပေသည်။ လမ်းပန်းဆက်သွယ်ရေး နှင့်မြို့ပြလက်ထောက်ဝန်ကြီးအနေဖြင့်အပြည်ပြည်ဆိုင်ရာ အေမာမ်ခိုမေနီ(ရ.ဟ)လေယာဉ်ကွင်းနှင့် မဟ်အာပါဒ် လေဆိပ်တို့တွင်လည်း လူထုအတွက် လေယာဉ်များ ခရီးစဉ်များမှာ မူရင်းအတိုင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဖွဲ့ ဝင် မဟုတ်သူများ ၏ ထိပ်သီး အစည်း အဝေး ပွဲတော် - 2
အဖွဲ့ ဝင် မဟုတ်သူများ ၏ ထိပ်သီး အစည်း အဝေး ပွဲတော် သို့ တက်ရောက်ရန် နိုင်ငံပေါင်း ၃၁ နိုင်ငံ ၏ အဝင်အထွက် လေယာဉ်ခရီးစဉ် သတ်မှတ်ပြ
၂၄ ဩဂုတ် ၂၀၁၂ - ၁၉:၃၀
News ID: 339276
လေယာဉ်ကွင်းဆိုင်ရာစီအီအိုမှ(၁၆)ကြိမ်မြောက်အဖွဲ့ဝင်မဟုတ်သူများ၏ထိပ်သီးအစည်း အဝေးပွဲတော်သို့တက်ရောက်ရန်နိုင်ငံပေါင်း၃၁နိုင်ငံ၏အဝင်အထွက်အချိန်သတ်မှတ် ပြီးဖြစ်ကြောင်းကြေငြာခဲ့ပါသည်။