အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာ ။ ။ နဇီးရ် အရ်ဂန်ခ်ျရေးသား ထားသည့် ((အင်စာန် ခူဗ် ၊အင်စာန်ဇီဗာ ၊အင်စာန် ခိုင်ရ်ခွာ )) အား တူရကီနိုင်ငံ အေစ်တန်ပူမြို့ တွင် သြဂုတ်လ ၂၅ ရက်နေ့ စနေနေ့ တွင် ဂျီရာပုံနှိပ်တိုက်မှ ထုတ်ဝေ ဖြန့်ချိလိုက်ပြီး ဖြစ်ပါသည်။ဤစာအုပ်တွင် လူသား၏လှပသည့် ဝိသေသန လက္ခာရပ်များကို ဖော်ပြထားပါသည်။၎င်း လှပသည့်အရည်အချင်းများကို မည်ကဲ့သို့ အားကောင်းရန်ပြုရမည် ကိုလည်း ရေးသားထား ပြီး စာမျက်နှာပေါင်း၉၂ မျက်နှာ ရှိပြီး ၊ အုပ်ရေ ၁၀၀၀ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိ ခဲ့ပါသည်။ဤစာအုပ်၏ အရေးကြီးသည် ကဏ္ဍများကို ဖော်ပြရမည် ဆိုလျှင် လူသား နှင့်ဆိုင်သည့် ခေါင်းစဉ်များ ၊ ပထမဆုံး မြေပထဝီပေါ်တွင် အလ္လာဟ်ဟိုအရှင်မြတ်၏ ကိုယ်စားလှယ်တော် ၊အလ္လာဟ်ဟိုအရှင်မြတ်၏ နာမတော်များ ၊ လူသားနှင့်ရှိုင်တွာန် ၊ လူသား နှင့် ကုရ်အာန် ၊ လူသားနှင့် အေဗာဒသ် ၊ လူသားနှင့်သောင်ဗာ တို့ဖြစ်ပါသည်။