ပထမဦးဆုံး နမား(ဇ်)ဝတ်ပြုသူများ။အလ္လာဟ်အသျှင်မြတ်၏ မေတ္တာကရုနာဖြင့် သူ၏ ဘဝအခြေအနေ ပိုမို၍ ကောင်းမွန်လာစေခဲ့ သည်။ အဘယ်ကြောင့်ဆိုသော် ငယ်စဉ် ကလေး ဘဝမှနေ၍ အရွယ်ရောက် သည်အထိ တမန်တော် မြတ် (ဆွ )၏ သွန်သင် ဆုံးမမှုဖြင့် ၎င်း၏ အိမ်တွင် ကြီးပြင်းလာခဲ့သောကြောင့် ဖြစ်သည်။ အေ မာမ်အလီ(အ.စ)သည် အမျိုးသားများ အကြားတွင် ပထမ ဦးဆုံး အစ္စလာ(မ်)အား လက်ခံခဲ့သူ ဖြစ် သည်။ အင်မတန် သစ္စာတ ရား နှင့် ပြည့်ဝသော တမန်တော်မြတ်၏ ဇနီး ဟဇရတ်(သ်) ခဒီဂျ(ဟ်)(အ.စ) သည်လည်း ပထမဦးဆုံးသော မွစ္စ လင်(မ်) အမျိုးသမီး ဖြစ်သည်။ အစ္စလာ(မ်)၏ ပထမဦးဆုံး နမား(ဇ်)များအား တမန် တော်မြတ် (ဆွ)၊ အေမာ (မ်)အလီ(အ.စ) နှင့် ဟဇရတ်(သ်)ခဒီဂျ(ဟ်)(အ.စ)တို့ သုံးဦး စတင် ဝတ်ပြုခဲ့ကြသည်။ အမီးရွလ်မို့အ်မေနီးန်အလီ(အ-စ)၏ စွန့်လွှတ်အနစ်နာခံမှု။ ကျမ်းတော်မြတ် ကုရ်အာန်တွင် မိန့်တော်မူထားသည်မှာ"အချို့သူများသည် မိမိ၏ အသက်ကို အလ္လာဟ်အသျှင်မြတ် နှစ်သက်စေခြင်း အလို့ ငှာ ရောင်းချခြင်း ကိုပြုကြသည်။ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ဖန်ဆင်းခံများကိုသနား ကြင်နာတော် မူ၏။ "(ဆူရာ ဘကရာ၊ အာယသ်၂ဝ၈။) စွန္နီညီနောင်အသိုင်းအဝိုင်းမှ ယုံကြည်လက်ခံထားသော လိုင်းလသူလ်မဘီးအ်။စွန္နီအသိုင်းအဝိုင်းမှ ကျော်ကြားသော စာ့အ်လဘီအမည်ရှိ သဖ်စီရ်ပညာရှင်မှ ပြောကြားထားသည်မှာ။ ။ တမန်တော်မြတ်(ဆွ)သည် မိုဟာဂျေရသ်(အစ္စလာမ်၏ လမ်းတွင် ခ ရီးထွက် ပြောင်းရွေ့ခြင်း) လုပ်ရန် ဆုံးဖြတ်ချက် ချလိုက်ချိန်တွင် မိမိ၏ သာသနာကို ပေးဆပ်ရန်နှင့် မိမိထံမှ ယုံကြည်စိတ်ချစွာ အပ်နှံထားသော အရာများကို အေမာမ်အ လီ(အ.စ)ထံလွှဲပြောင်းပေး ရန် အေမာမ်ကို မိမိ၏ နေရာ၌ ထားခဲ့၏။ ညဘက် ဆူးရ် အမည် ရှိသော လှိုဏ်ဂူသို့သွားရန် ပြင်ဆင်ချိန်တွင် မွရှ်ရီက်များသည် တမန်တော်မြတ်၏ အိမ်ကို ဝင်ရောက် တိုက်ခိုက်ကြရန် ဝိုင်း ထားခဲ့ကြသည်။တမန်တော်မြတ်(ဆွ)သည် အေမာမ်အလီ(အ.စ)အား မိမိ၏ အိပ်ယာ၌ အိပ်စက်စေပြီး မိမိ၏ ချုံထည် ကို အေ မာမ်အလီ(အ.စ)၏ အပေါ်သို့ ချုံစေရန် ပြင်ဆင်ချိန်တွင် အလ္လာဟ်အသျှင် မြတ်သည် ဂျီဘ်ရာအီးလ်နှင့် မီကာ အီးလ်တို့အား ဝဟီဗျာဒိတ်တော် ပို့ချစေသည်မှာ ဤသို့ဖြစ်သည် (ငါ သည် အသင်တို့နှစ် ဦးအကြား ညီနောင် ဖွဲ့ပေးလိုက်ပြီး အသင် တို့မှတဦး၏ အသက်ကို ရှည်လျားစွာ ထားလိုက်၏။ အသင်တို့နှစ်ဦးအတွင်းမှ မည် သူသည် အခြားတယောက်၏ ဘဝကို မိမိ ထက်ပို၍ ဦးစားပေးပြီး မိမိ၏ အသက်ကို စွန့် လွှတ်ရန် အသင့်ရှိ ပါသလဲ။ ထိုအခါ တဦးတယောက်မျှ အသင့်ရှိသည်ဟု အဖြေမပေးခဲ့ကြ ပေ။ ထိုအခါ ဂျီဘ်ရာအီးလ်နှင့် မီကာ အီးလ်တို့ထံ ထပ်မံ၍ ဗျာဒိတ်တော် ပို့ချခဲ့ သည်မှာ။ ။ ယခုအလီ(အ.စ)သည် ငါအသျှင်မြတ် စေတမန်၏ အိပ် ယာပေါ် ၌ အိပ်စက်နေလေ သည်။ သူသည် မိမိ၏ အသက်ကို ထိုတမန်တော်အတွက် ပေးဆပ် ဖို့အ သင့် ဖြစ်နေလေ သည်။ အသင်တို့ မြေပြင်ကို ဆင်းသွားကြပြီး သူ့ကို ထိန်း သိမ်းစောင့် ရှောက်ခြင်း ပြု ကြေ လာ့။၎င်းတို့နှစ်ဦးသည် မြေပြင်သို့ ဆင်းသက်သွားကြပြီး ဂျီဘ်ရာအီးလ်သည် အေမာမ်အလီ(အ.စ)၏ ဦး ခေါင်း ဘက်တွင်ထိုင်၍၊ မီကာအီးလ်သည် ခြေရင်းဘက်တွင် ထိုင်နေကြလေသည်။ ထိုအချိန်တွင် ဂျီဘ်ရာ အီးလ်မှ ပြောကြားသည်မှာ။ ။ အို အသင်သည် အလွန်တော်လှ ပေသည်။ အို အလီ အလ္လာဟ်အ သျှင်မြတ် သည် အသင်နှင့် ပတ်သက်ပြီး ဖရီရှ်သာတွေ အပေါ်မှာ ဂုဏ်ယူနေတယ်။ ထို အချိန်၌ အထက်ပါ အာ ယသ်တော် ကျရောက်လာလေသည်။ ထိုအကြောင်းကြောင့် သမိုင်းဝင် သော ထိုညကို လိုင်လသူလ်မဘီးအ်ဟု အမည်မှဲ့ တွင်ခဲ့လေသည်။ ဟူ၍ ဖြစ်ပါသည်။ အဘူဂျာအ်ဖဲရ် အီစ်ကာဖီးဆိုသူ ပြောခဲ့သည်မှာ။ ။ အိဗ်နေဟဒီးဒ်သည် နဲဟ် ဂျုလ်ဘလာဂါ အတွဲ ၃၊ စာမျက်နှာ ၂၇ဝတွင် အလီ(အ.စ)၏ တမန်တော်မြတ် အိပ်ယာတော်၌ အိပ်စက်ခဲ့သည့် အကြောင်း ကို သက်သေပြု ခဲ့လေသည်။ ထို့ပြင် မွစ္စလင်(မ်)မဟုတ်သူ နှင့် အသိဉာဏ် နည်းပါးသူများလည်း ထိုအကြောင်း အရာဖြင့် ပတ်သက်၍ ငြင်းဆန်ခဲ့ခြင်း များ မပြုလုပ်ခဲ့ပါ။သို့သော် ကျော်ကြားသော အဖြစ်အပျက်မှာတမန်တော်မြတ် ဖူးပွင့်တော်မူပြီး ၂၃နှစ်မြောက်တွင် မက္ကာ၌ရှိသော ဆန့်ကျင်သူ ခေါင်းဆောင်များသည် မွစ္စလင်(မ်)များ၏ အန္တရာယ်ကို ကြောက်ရွံ့ခဲ့ကြ၏။အကြောင်းရင်းမှာ တမန်တော်မြတ်သည် ယစရီဘ် (ယခုမဒီနာဟု ကျော်ကြားသည်)မြို့ ၌ အင် အားကြီး မားသော အခြေခံ စစ်တပ်ကိုထားခဲ့သည်။ ထိုသူများသည်လည်း တမန်တော် မြတ်၏ အသက် အန္တရာယ်ကို ထိန်းသိမ်းရန်အတွက် တာဝန်ယူခဲ့ကြသည်။ ထို့ကြောင့် ကိုရိုက်ရှ်မှ ခေါင်းဆောင် များ ဆွေးနွေး တိုင်ပင် မှုများ ပြုလုပ်ကာ တမန်တော်မြတ်ကို လုပ်ကြံ သတ်ဖြတ်ရန် ဆုံး ဖြတ်ခဲ့ကြသည်။ ထိုအစည်းအဝေးတွင် ပထမဦးဆုံးအနေ ဖြင့် အကြံပြု ကြသည်မှာ၊ မိုဟမ္မဒ်ကို သတ်ရန် တယောက်မှ တာဝန်ယူရမည် ဖြစ်သည်။ အကယ်၍ ဘနီဟာရှီမ်ဘက်မှ ရန်လို တိုက်ခိုက်လာလျှင်လည်း ငါတို့ ၄င်းကိုသတ် ဖြတ် လိုက်သည့်အ တွက် လျှော်ကြေးကို ပေးဆပ်မည်။ ထိုအ စည်းအဝေးရှိ မိမိကိုယ် နဂ်ျဒီဟု မိတ်ဆက်သော သူစိမ်းအဘိုး အိုသည် ထိုပြောကြားချက်များ ကို ငြင်းပယ်ပြီး ပြောကြားသည်မှာ။ ။ မည်သည့်အခါမှ ဘနီဟာရှီမ်မှသူများ ကလဲ့စားချေကြမည် မဟုတ်။ သတ်ဖြတ်ခြင်းကို ပြုလုပ်သူကိုသာ လိုချင်ကြ မှာ ဖြစ်တယ်။ ထို့ကြောင့် အကယ်၍ တ ဦးတယောက်မှ ဤအလုပ်ကို လုပ်ကိုင်လိုက်လျှင် ပထမ ဦးစွာ မိမိကိုယ်ကို လက် ရှိဘဝကနေ စွန့်လွှတ်မဲ့သူ တယောက်မှ အသင်တို့ အတွင်းမှာ မရှိဘူး။အဘူဘခ်သရီ အမည်ရှိသူမှ ပြောကြားသည်မှာ။ ။ ငါတို့ မိုဟမ္မဒ်ကို ဖမ်းဆီးပြီး ထောင်ချ ထားလိုက်မယ် ဆိုရင် သူ့ရဲ့လုပ်ရပ်တွေ ရပ်တန့်သွားမှာ ဖြစ်တယ်။တဖန် ထိုအဘိုးအိုသည် ထိုသူ၏ ပြောစကားများကို ငြင်းပယ်လိုက်ပြန်သည်။ တ တိယမြောက်သူမှ အကြံပေး သည်မှာ။ ။ သူ့ကို အလွန်ရိုင်းတဲ့ကုလားအုပ်ပေါ်မှာတုပ် နှောင်ပြီး ကန္တာရကို လွှတ်လိုက်မယ်။ အဲဒီမှာ ရေငတ် အစာငတ်ပြီး သေသွားလိမ့် မယ်။ သေမသွားခဲ့ဘဲ အခြားလူမျိုးစုတွေ နေထိုင်တဲ့နေရာကို ရောက်သွားလို့ ထိုနေရာ ရှိ ရုပ်ထုကိုးကွယ်သူ တွေနဲ့ ဆန့်ကျင်ပြီး ပြောဆိုမှုတွေ ပြုလုပ်လိုက်လျှင် ထို သူများသည် သူ့ကို သတ်ဖြတ် လိုက်ကြ လိမ့်မယ်။ ထိုသူ၏ ပြောကြား အကြံပေးခြင်း ကိုလည်း အဘိုးအိုမှ ထပ်မံကန့်ကွက် လိုက် သည်။ထိုအခါ အားလုံး တိတ်ဆိတ်သွားကြသည်။ ထို့နောက် ထိုအဘိုးအို (အခြားပြော ကြားချက် တခုအရ အဘူ ဂျာဟ်လ်)မှ ပြောကြားသည်မှာ။ ။ ပို၍ကောင်းမွန်သည်မှာ လူမျိုး စုတိုင်းမှ လူ တဦးစီကို ရွေးချယ်ပြီး ညဘက်တွင် အုပ်စုလိုက် သူ့ကိုသတ်ပြီး အတုံးလိုက် အတုံး လိုက် ပြုလုပ်ကြပါ။ ထိုသို့ ပြုလုပ်လိုက်မည်ဆိုလျှင် ဘနီဟာ ရှီမ်လည်း လူမျိုးစု တိုင်းနှင့် တိုက်ခိုက်ဘို့ အင်အားရှိတော့မှာ မဟုတ်ဘူး။ ဟူ၍ ဖြစ်သည်။ ထိုအခါအား လုံးမှ ထိုသူ၏ အကြံပြုချက်ကို လက်ခံလိုက်ကြလေသည်။ ဤသို့ဖြင့် တမန်တော်မြတ်(ဆွ)အား ညဘက်တွင် လုပ်ကြံရန်အတွက် လူသတ်သမားများ ကို ရွေးချယ် လိုက်လေသည်။ သဖ်စီရ်ရေးသားပြုစုသုများ၏ ပြောဆိုချက်အရ ကောင်းကင် တမန်ကို ဝဟီဗျာဒိတ်တော် ပို့ချစေပြီး တမန်တော်မြတ်(ဆွ)ကို မွရှ်ရီက်များ၏ မကောင်း သော အကြံအစီများမှ အသိပေးခဲ့လေသည်။ ထိုအခါ တမန်တော်မြတ်(ဆွ)သည် အလ္လာဟ်အသျှင် မြတ်၏ အမိန့်တော်ကို ထမ်းဆောင်ရန်အတွက် ယစ်ရီဘ်သို့ ခရီးထွက်ရန် ရည်ရွယ် လိုက်လေသည်။သို့သော် ဂရုတစိုက် စောင့်ကြပ်နေကြသည့် ရုပ်ထုကိုးကွယ်ပြီး ရက်စက်ကြမ်း ကြုတ်သော အစိုးရ၏ လက်အောက်မှ လွတ်ထွက်ရန် မလွယ်ကူခဲ့ပေ။ ထို့ပြင် မဒီနာ န