အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာ ။ ။ ပါကစ္စတန် နိုင်ငံ ပီတီအိုင် နှင့် အတိုက်အခံခေါင်းဆောင် ၊ အင်မ်ရန် ခမ်း အနေဖြင့် ပါကစ္စတန် ဗဟိုတရားသူကြီး အေဖ်စေခါ မိုဟမ္မဒ်ကျောက်သရီ အား မိမိတို့ နိုင်ငံတွင် ဖြစ်ပွားနေသည့် ရှီအာ များကို အမျိုးဖြုတ် သတ်ဖြတ်နေမှုအတွက် စိစစ်မှုပြုပေးရန် တောင်းဆို ခဲ့ပါသည်။စက်တင်ဘာလ၂ရက်နေ့တနင်းလာနေ့တွင်ပါကစ္စတန် နိုင်ငံပီတီအိုင် နှင့်အတိုက်အခံ ခေါင်းဆောင်အင်မ်ရန်ခမ်းအနေဖြင့်ပါကစ္စတန် နိုင်ငံ တောင်းပိုင်းမရ်ကဇ်စကရ်ဒိုမြို့တွင်အကျော်အမော်ရှီအာ ခေါင်းဆောင်မောင်လာနာ ရှိက်ခ်မိုဟမ္မဒ် ဟစန် ဂျာအ်ဖရီနှင့် တွေ့ဆုံချိန်တွင် ပါကစ္စတန် နိုင်ငံ ဗဟို တရားရုံးချုပ် ဖက်မှ ရှီအာများကို အမျိုးဖြုတ် သတ်ဖြတ်နေမှုအတွက် စိစစ်ရန် တောင်းဆိုခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။အင်မ်ရန် ခမ်း အနေဖြင့် ပါကစ္စတန် နိုင်ငံ ဗဟို တရားရုံးချုပ် ဖက်မှ ဤကိစ္စ အတွက် အနည်းငယ်မျှပင် အသိပေးနိုတစ် စာ မထုတ်ခဲ့ကြောင်း၊နိုင်ငံ၏ အနောက်တောင်း ပိုင်းရှိ ဗလိုဂျစ်စတန်ပြည်နယ် နှင့် ရှီအာ အများစု နေထိုင်နေသည့် ကရ်ကေလ်ပြည်နယ် ၊ဗလူလ် စတန် ပြည်နယ် တို့တွင် ရှီအာများကို အမျိုးဖြုတ် သတ်ဖြတ်ခံနေရသည် အရေးကြီးကိစ္စ အတွက်ကွင်းမဆင်းမစိစစ်မစုံစမ်းမှုအတွက်အံ့အားသင့်မိကြောင်းပြောကြားခဲ့ပါသည်။