အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာ ။ ။ မိန်းမ မာစူမီးမ် (အ.စ) ၏ အမြင် (အကျဉ်းချုပ်)အမျိုးသမီးများအတွက် အကောင်းတကာအကောင်းဆုံး ဝိသေသန လက္ခဏာရပ်များအေမာမ်အလီ (အ.စ) မိန့်ကြားတော်မူသည်မှာ -အကောင်းတကာ အကောင်းဆုံး အမျိုးသမီးများအတွက် ဝိသေသနလက္ခဏာ ရပ်များမှာ အမျိုး သားများ အတွက် မကောင်းတကာ မကောင်းဆုံး ဝိသေသနလက္ခဏာရပ်များ ဖြစ်ပေသည်။မာန ၊ ကြောက်ရွံ့မှု၊ စေးနည်း တွန့်တို မှု ၊ ဖြစ်ပါသည်။ အကြောင်းမှာ နေရာတိုင်း မာနရှိမည် ဆိုလျှင် မိမိ ကိုယ့်ကို (နာမဟ်ရမ် )များ ၏ လက်သို့ အရောက်ခံမည် မဟုတ်ချေ။ နေရာတိုင်း စေးနည်းတွန့်တို မည် ဆိုလျှင် မိမိ ၏ ဥစ္စာ ပစ္စည်း နှင့် ခင်ပွန်းသည်၏ ဥစ္စာ ပစ္စည်း အား စောက်ရှောက် နိုင်ပေမည်။ အချိန်တိုင်း ကြောက်ရွံ့ မည်ဆိုလျှင် အရာရာ တိုင်း (မိမိအတွက် နာမည် ဖျက်စေမည့် အရာ) နှင့် ရင်ဆိုင်ရမည် ကို ကြောက်ရွံ့ ပေမည်။ကြည့် - နဟ်ဂျိုဗလာဂါ ၊အလ်ဟေက်မဟ် ၂၃၄ အကျင့်စာရိတ္တ ကောင်းမြတ် သည့်အမျိုးသမီးများမဟာတမန်တော် မြတ်ကြီး (ဆွ) မိန့်ကြားတော်မူသည်မှာ -အကျင့်စာရိတ္တ ကောင်းမြတ်သည့် အမျိုးသမီး (တစ်ဦး) သည် အကျင့်စာရိတ္တ မကောင်းမြတ်သည့် အမျိုး သား တစ်ထောင်ထက် သာလွန် ကောင်းမွန် ပေသည် ။ကြည့် - အေရ်ရှသ် ဒေလ် ကိုလူဗ် အတွဲ ၁ ၊ စာမျက်နှာ ၁၇ မဟာတမန်တော် မြတ်ကြီး (ဆွ) မိန့်ကြားတော်မူသည်မှာ -လောကကြီးသည် အရင်းအနှီးဖြစ်ချေသည်။ မည်သည့် အရင်းအနှီးမျှ ဤလောကကြီးတွင် အကျင့် စာရိတ္တ ကောင်းမြတ်သည့် အမျိုးသမီး ထက်မသာလွန်ချေ။ကြည့် - ဖေရ်သောက်စ်ကျမ်း အတွဲ ၂ ၊ စာမျက်နှာ ၂၃မဟာတမန်တော် မြတ်ကြီး (ဆွ) မိန့်ကြားတော်မူသည်မှာ -သက်ဝင်ယုံကြည်သူ အမျိုးသမီး၏ ကောင်းမူကိုသိုလ်သည် စဒစ်က်တော်ပေါင်း(မှန်ကန်သည့်သစ္စာရှင် ပေါင်း) ၇၀ ၏ ကောင်းမှု ကိုသိုလ် ပမာ ဖြစ်ပါသည်။ သက်ဝင်ယုံကြည်သူ အမျိုးသမီး၏ မကောင်းမှု ဒုစရိုက် သည် ဒုစရိုက်သမား အယောက် တထောင် ၏ ဒုစရိုက် ပမာ ဖြစ်ချေသည်။ကြည့် - ကန်ဇွလ်အမါလ် အတွဲ ၁၆ ၊စာမျက်နှာ ၃၉၈