၂၈ ဩဂုတ် ၂၀၂၆ - ၀၁:၅၁
ဂါဇာတွင် ကျဆုံးသေဆုံးသူ အရေအတွက် သိသိသာသာ မြင့်တက်လာ

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဂါဇာကို စစ်ပွဲစတင်တိုက်ခိုက်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှ ယနေ့အထိ ပါလက်စတိုင်းလူမျိုး ၇၃,၄၃၈ ဦး သေဆုံးပြီး ၁၇၄,၄၄၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်းဂါဇာတွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန က Quds News ကို ကိုးကား၍ ဖော်ပြထားသည်မှာ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူ ၇ ဦးနှင့် ဒဏ်ရာရသူ ၁၀ ဦးကို ဂါဇာရှိ ဆေးရုံအသီးသီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ မကြာသေးမီက စာရင်းသွင်းခဲ့သည့် သေဆုံးသူများအနက် ၅ ဦးသည် လတ်တလော တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ကြပြီး ၂ ဦးမှာ ယခင်တိုက်ခိုက်မှုများအတွင်း ရရှိခဲ့သော ဒဏ်ရာများ ပြင်းထန်လာမှုကြောင့် အသက်ဆုံးရှုံးခဲ့ကြခြင်း ဖြစ်ပါတယ်။

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံပြောကြားရာတွင် ထိခိုက်သေဆုံးသူ အများအပြားသည် အဆောက်အအုံအပျက်အစီးများအောက်နှင့် လမ်းများပေါ်တွင် ရှိနေဆဲဖြစ်သော်လည်း ဂါဇာရှိ အရေး ပေါ်ဆေး ဘက်ဆိုင်ရာနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် ယခုအချိန်အထိ ၎င်းတို့ထံ မရောက်ရှိ နိုင်သေး ကြောင်း ဆိုပါတယ်။

ဤအစီရင်ခံစာအရ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး စတင် အကောင် အထည် ဖော်ပြီးနောက်ပိုင်း ယနေ့အထိ ပါလက်စတိုင်းလူမျိုး ၁,၃၀၃ ဦး သေဆုံးပြီး ၄,၃၃၆ ဦး ဒဏ်ရာရရှိခဲ့ သည်။ ထို့အပြင် ယခုအချိန်အထိ သေဆုံးသူ ၈၁၄ ဦး၏ ရုပ်အလောင်းများကို အပျက်အစီးများအောက်မှ ပြန်လည် ဆယ်ယူ နိုင်ခဲ့ပါတယ်။

ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံထုတ်ပြန်ရာတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ စစ်ပွဲ စတင်ခဲ့ ချိန်မှ ယနေ့အထိ ဂါဇာကမ်းမြောင်ဒေသအတွင်း သေဆုံးသူ စုစုပေါင်း ၇၃,၄၃၈ ဦး နှင့် ဒဏ်ရာရသူ စုစုပေါင်း ၁၇၄,၄၄၇ ဦး ရှိလာပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha