အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ အမြင့်မြတ်ဆုံးသော ထိမ်းမြားမင်္ဂလာ။ တစ်ဦးနှင့် တစ်ဦး ရွေးချယ် အိမ်ထောင်ပြုရန် အလ္လာဟ်အသျှင်မြတ်ဘက်မှ သတ် မှတ်ပေးခြင်း ခံရသူ နှစ်ဦးမှာ အဘူသွါ လိ(ဘ်)၏သား အေမာ(မ်)အလီ(အ-စ)နှင့် တမန်တော်မြတ် (ဆွ)၏သမီးတော်ဖွါသွေမ(ဟ်)(အ-စ) တို့ဖြစ်ကြသည်။ အနက်(စ်)ဆိုသူပြောကြားသည်မှာ ။ ။ တမန်တော်မြတ်(ဆွ)ထံသို့ ဗျာဒိတ်တော်(ဝဟီ) ကျရောက် ချိန်တွင် ကျွန်ူပ် ၎င်း၏ထံပါး၌ ရှိနေချိန် ဖြစ်သည်။ ထို့နောက် ကျွန်ူပ်ဘက်သို့ မျက်နှာမူ၍ မိန့်တော်မူသည်မှာဂျဘ်ရအီးလ်(အ-စ)သည် အလ္လာဟ်အသျှင်မြတ်ထံမှ ကျွန်ူပ်အတွက် ဘယ်လိုသတင်းမျိုး ယူဆောင်လာသည်ကို အသင် သိ သလော။ ထို့နောက်ဆက်လက်၍ ။ ။ အလ္လာဟ်အသျှင်မြတ်သည် ဖွါသွေမ(ဟ်)(အ-စ) အား အလီ(အ-စ)နှင့် လက်ဆက်ပေးရန် ကျွန်ူပ်အား အ မိန့်ပေးခြင်းဖြစ်သည်။မှန်ပေသည် ဂျဘ်ရအီးလ်(အ-စ)သည် အလ္လာဟ်အသျှင်မြတ်၏ စလာ(မ်)အား ၎င်း၏ အ ချစ်တော်မိုဟမ္မဒ် မွစ်သဖွာ(ဆွ)ထံသို့ ပို့သပြီး အလ္လာဟ်အသျှင်မြတ်ထံမှ သတင်း အား ပြောကြား သည် မှာ ။ ။ငါသည် အသင်၏သမီး ဖွါသွေမ(ဟ်)(အ-စ)အား အဘူသွါလိ(ဘ်)သား အလီ(အ-စ)၏ အိမ် ထောင်ဘက်အဖြစ် သတ်မှတ် ထားပြီး ဖြစ်သည်။ ထို့ကြောင့် အ သင်သည်လည်း ကမ္ဘာမြေကြီးတွင် ၎င်းတို့ နှစ်ဦးအား ထိမ်းမြားမှု ပြုပေးလော့။ တမန် တော်မြတ်(ဆွ)သည် ထိုအကြောင်းအား မိမိ၏ သမီးနှင့် တိုင်ပင်သည့်အနေဖြင့် အလီ(အ-စ)၏ စာရိတ္တပိုင်းဆိုင် ရာ ကောင်းသတင်းများကို ပြော ပြသည်မှာ ။ ။သူဟာ အများ ထက်အလျင် အီမာ(န်)ယူခဲ့သူ ဖြစ်တယ်။ သည်းခံခြင်း၊ ပ ညာရှိခြင်း၊ တရားမျှတခြင်း၊ အနစ်နာခံခြင်း၊ စာရိတ္တ ကောင်းမွန်ခြင်းနှင့် စိတ်သဘောထား ဖြူစင် ခြင်းတို့တွင်လည်း အခြားသူ အားလုံးထက် သာလွန်သူ ဖြစ်လေ တယ်။ ငါတို့ ဆွေမျိုး အသိုင်းအ ဝိုင်းကြားမှာလည်း အတော်ဆုံးသူ ဖြစ်ပြီး ငါ၏ အနှစ်သက်ရဆုံးသူလည်း ဖြစ်တယ်။ သူဟာ ဤလောကကြီးမှာ မြင့်မြတ်သူဖြစ်ပြီး အာခေရတ်(သ်)မှာ လူသားအားလုံး၏ ခေါင်းဆောင် ဖြစ်တယ်။ တမန်တော်မြတ်(ဆွ)သည် အင်မတန် ပျော်ရွှင်နေခဲ့သည်။ အေမာ(မ်) အလီ(အ-စ) မင်္ဂလာအခန်းအ နားဆောင် အတွင်း သို့ ဝင်ရောက်လာချိန်တွင်တမန်တော် မြတ်(ဆွ)သည် အင်မတန် လှပ၍ သ ဘောတူညီမှုတို့နှင့် ပြည့်ဝသော အပြုံး မျိုးဖြင့် ကြိုဆိုနေခဲ့သည်။ အေမာ(မ်)အလီ (အ-စ)သည် လည်း ဤကဲ့သို့ ဂုဏ်သိက္ခာနှင့် ပြည့်စုံသော လက်ထပ်ပွဲမျိုးမှ ဝမ်းမြောက် ဝမ်းသာဖြစ်မိ ပါတယ်ဟု မိန့်ဆိုခဲ့ လေသည်။ထို့နောက် တမန်တော်မြတ်((ဆွ))သည် မိန့်ခွန်းပြောကြားပြီး ပထမဆုံး မွစ္စလင်(မ်) အမျိုး သားနှင့် ပထမဆုံး မွစ္စလင်(မ်) အမျိုးသမီး၏ သမီးတို့အား အလ္လာဟ်အသျှင်မြတ်၏ အမိန့်ဖြင့် လက်ဆက်ပေးခဲ့သည်။ ဤသို့ဖြင့် ထိုမြင့်မြတ်သူ နှစ်ဦး၏ မင်္ဂလာ အခန်းအနား သည် ရိုးရှင်းစွာနှင့် လှပ အေးချမ်းစွာ ပြီးဆုံးခဲ့လေသည်။ တမန်တော်မြတ်(ဆွ)သည် ရေတစ်ခွက်တောင်းခံ ပြီး ထိုရေခွက်တွင် ဒိုအာဖတ်ရွတ်ကာ လူငယ်နှစ်ဦး၏ ခေါင်းပေါ်နှင့် ကိုယ်ပေါ်သို့ ပက် ဖျန်းပေး၍ ၎င်းတို့အတွက် ဒိုအာပြုပေးခဲ့သည်မှာ ။ ။ အသင်တို့နှင့် အသင်တို့၏သားသမီးများအားအလ္လာဟ်အသျှင်မြတ် ကောင်းမှုအဖြာဖြာ ပေးသနားပါစေ။ အကယ်၍ အေမာ(မ်)အလီ(အ-စ)အား မဖန်ဆင်းခဲ့လျှင် ဖွါသွေမ(ဟ်)(အ-စ)အတွက် အိမ်ထောင်ဘက် ရှိလာတော့မည် မဟုတ်ပေ။အခက်အခဲများ အကြားတွင် ကြံ့ခိုင်စွာ ရပ်တည်သော အမျိုးသား။တမန်တော်မြတ်(ဆွ)သည် စစ်ပွဲတိုင်းတွင် ယုတ်စွအဆုံး ဘ(ဒ်)(ရ်) စစ်ပွဲတွင်လည်းအသက်(၂ဝ) ကျော်မျှသာရှိသေးသော အေမာ(မ်)အလီ(အ-စ)၏ လက်သို့ အလံ အပ်နှံခဲ့သည်။ သူသည် လူပျိုပေါက် အရွယ်၌ပင်လျှင် တိုက်ရည် ခိုက်ရည် ကျွမ်းကြင်သော မု(ရှ်)ရိ(က်)များဘက်မှ လူစွမ်းကောင်းများအား သုတ်သင် ဦးချိုးခဲ့သူ ဖြစ် သည်။အေမာ(မ်) အလီ(အ-စ)သည် စစ်ပွဲများ အားလုံးတွင် တမန်တော်မြတ်(ဆွ)နှင့် အ တူတကွ ရှိနေခဲ့သည်ဟု သမိုင်းပြုစုသူ အားလုံး ယုံကြည် ထောက်ခံကြသည်။ သဘု(က်) အမည်ရှိ စစ်ပွဲတစ်ခုတွင်သာ တမန်တော်မြတ်(ဆွ)၏ အမိန့်နှင့် ၎င်း၏ ကိုယ်စားလှယ်အဖြစ် မဒီနာမြို့ တွင် တာဝန်ထမ်းဆောင်လျှက် ကျန်ရှိနေခဲ့၍ မပါဝင်ခဲ့ပေ။ ထိုအကြောင်း ကြေင့် တမန်တော်မြတ်(ဆွ)သည် မိမိနှင့် အေမာ(မ်)အလီ(အ-စ)တို့၏ ပါတ်သက်မှုအား တမန်တော်မူဆာ(အ-စ)နှင့်ဟာ ရွ(န်)(အ-စ)တို့ ပါတ်သက်မှု ရှိသည့်အတိုင်း ကြေငြာခဲ့သည်။သူသည် ကြမ်းတမ်းမှုနှင့် အခက်အခဲများကြားတွင် ကြံ့ခိုင်စွာရပ်တည်ခဲ့သူဖြစ် သည်။ အိုဟွတ်(ဒ်) စစ်ပွဲနေ့တွင် တ မန်တော်မြတ်(ဆွ) ၏ ဘက်တော်သား အမြောက် အများသည် မိမိတို့ အသက်ရှင်သန်ရေးအတွက် အန္တရာယ်များ နှင့် ပြည့်နှက်နေသော စစ်မြေပြင်တွင် တမန် တော်မြတ်(ဆွ)အား တစ်ကိုယ်တည်း ထားရစ်ခဲ့ကြပြီး ကိုယ်လွတ်ရုံး၍ ထွက်ပြေးခဲ့ကြသည်။ သို့သော် အေမာ(မ်)အလီ(အ-စ)သည် မိမိခန္ဓာကိုယ်တွင် ပြင်းထန်သော ဒဏ်ရာ တစ် ဆယ့် ခြောက်ချက်ခန့် ရရှိထားသော်လည်း သီးခံမှု ရှေ့ထား၍ ကြံ့ခိုင် စွာဖြင့် တမန်တော်မြတ်(ဆွ)ရှေ့မှ ကာကွယ် တိုက်ခိုက်ခဲ့သည်။ သူသည် တိုက်ပွဲတိုင်းတွင် ဂုဏ်ထူး ဘွဲ့ထူးများ ရရှိခဲ့သည်။ဘ(ဒ်(ရ်)တိုက်ပွဲတွင်တမန်တော်မြတ်(ဆွ)သည်အေမာ(မ်)အလီ(အ-စ)၏ တိုက် ရည် ခိုက်ရည်အား ကြည့်ရှု၍ “သူသည် ငါ့ထံမှဖြစ်ပြီး ငါသည် သူ့ထံမှဖြစ်သည် ”ဟုမိန့်ဆို ခဲ့သည်။ဘ(ဒ်)(ရ်) သို့မဟုတ် အိုဟွတ်(ဒ်) တိုက်ပွဲတွင် ဝဟီ ပို့ဆောင်သော ဖရိ(ရှ်)သ(ဟ်) ဂျိ(ဘ်)ရအီး(လ်)(အ-စ) အသံပြုသည်မှာ “ မည်သည့်ဓါးမျှ ဇွတ်(လ်)ဖေကား(ရ်)ကဲ့သို့ ဓါး မျိုး မရှိဘဲ မည်သည့်လူငယ်မျှ အလီ(အ-စ)ကဲ့သို့ လူငယ်မျိုး မရှိ” ( لا فتى إلاّ علىّ لا سيف إلاّ ذو الفقار) ခန်ဒတ်(က်) သို့မဟုတ် အ(ဟ်)ဇား(ဘ်) တိုက်ပွဲတွင် တမန်တော်မြတ်(ဆွ)သည် “ သူ၏ အမ်းရ်အိဗ်နေအဘ်ဒူးဒ်နှင့် တိုက်ခိုက်မှုသည် ကေယာမတ်(သ်)နေ့ အထိငါ၏အွမ္မသ်သူအွမ္မသ်သားများကျင့်ကြံသော အေဗာဒတ်(သ်)များထက် တန်ဖိုးအရှိဆုံးနှင့် အသာလွန် ဆုံး ဖြစ်သည်။ ” မိန့်ဆိုခဲ့သည်။ခိုင်(ယ်)ဘဲ(ရ်)တိုက်ပွဲတွင်တမန်တော်မြတ်(ဆွ)သည် အေမာ(မ်)အလီ(အ-စ)အား ရည်ညွှန်း၍ “ မနက်ဖြန် အလ္လာဟ်အ သျှင်မြတ်နှင့် ရစူ(လ်)အား ချစ် ခင်မြတ်နိုးပြီး အလ္လာဟ်သျှင်မြတ်နှင့် ရစူ(လ်) ကလည်း ချစ်ခင် နှစ်သက်ရသာသူ ရန် သူအား အဆက်မပြတ် တိုက်ခိုက်ပြီး မည်သည့်အခါမျှ ရန်သူအား ကျောပေး၍ ထွက်ပြေးမသွားသူ၏ လက်သို့ အစ္စလာ(မ်)၏အလံအားအပ်နှင်မည်”ဆို၍ဂုဏ်ပြုစကား ပြောကြားခဲ့သည်။ သူသည် ဟိုနိုင်း(န်) စစ်ပွဲတွင်လည်း စစ်သည် များ အကြားတွင် အတော်ဆုံးနှင့် အကျိုးစားဆုံးဖြစ် ခဲ့သည့်အပြင် တမန်တော်မြတ်(ဆွ) သည်သူ့အားက မ္ဘာမြေကြီးရှိ အလ္လာဟ်အသျှင်မြတ်၏ခြင်္သေ့ (လူစွမ်းကောင်း)ဟူ၍ လည်းကောင်း သူ၏ ဓါးအား အလ္လာဟ်အသျှင်မြတ်၏ဓါး ဟူ၍ လည်းကောင်း အမည်ပေးခဲ့သည်။