၁၇ စက်တင်ဘာ ၂၀၁၂ - ၁၉:၃၀

ရှိက်ခ်ခိုလ် အဇ်ဟရ် အဟ်မဒ်ဆွာယေဗ် အနေဖြင့် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ ထံမှ အစ္စလာမ် သာသာနာတော်၏ အထိတ်အမြတ် ထားသည့် အရာ များ ကို ပုတ်ခတ်စော်ကား မှုများ အတွက် ပိတ်ပင်တားမြစ် ပေး သည့် ဥပဒေ ကို ချမှတ် ပေးရန် တောင်းဆိုခဲ့ ပါသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ ရှိက်ခ်ခိုလ် အဇ်ဟရ် အဟ်မဒ်ဆွာယေဗ် အနေဖြင့် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ ၏ အထွေထွေ အတွင်းရေမှူးချုပ် ဗကီမွန်း ထံ အိတ်ဖွင့် စာပေးခဲ့ပါသည်။ထို့အိတ်ဖွင့်စာတွင် မည်သည့် သာသာနာတော်၏ အထိတ်အမြတ် ထားသည့် အရာ များ ကို ပုတ်ခတ်စော်ကား မှုများ အတွက် ပိတ်ပင်တားမြစ် ပေး သည့် ဥပဒေ ကို ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ မှ ချမှတ် ပေးရန် တောင်းဆိုခဲ့ ပါသည်။ဆက်လက်ပြီး ရှိက်ခ်ခိုလ် အဇ်ဟရ် အနေဖြင့် ကမ္ဘာ အဝန်းရှိ မွတ်စလင်များအတွက် ငြိမ်းချမ်း သာယာရေး ငြိမ်ဝပ်ပိပြားရေး အတွက် ဥပဒေရေးဆွဲရန် တာဝန် ရှိကြောင်း၊ အမေရိကန် နိုင်ငံတွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် မဟာတမန်တော်မြတ်ကြီး (ဆွ) အား ပုတ်ခတ် စော်ကားသည့်ရုပ်ရှင်အားကန့်ကွက်တားမြစ်ကြောင်း၊မွတ်စလင်များ အနေဖြင့် အစွန်းမရောက်ကြဖို့ထိန်းရန် လိုကြောင်း  မေတ္တာရပ်ခံခဲ့ပါသည်။