အန်ဂျွန်မန် အစ္စလာမ်မီ ဂျမီအတ် မွစ်သဇ်အေဖန် ဖက်မှကြီးမှူး သည့် ကလေးငယ်များအတွက် နမာဇ် ၏ အရေးပါမှု ညီလာခံ အား တူရကီ နိုင်ငံ ဂါဇီ အာန်သဗ် မြို့တွင် ကျင်းပခဲ့ပါသည်။အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ ဤညီလာခံအား စက်တင်ဘာလ ၂၂ ရက်နေ့ စနေနေ့ တွင် ကျင်းပခဲ့ပါသည်။အန်ဂျွန်မန်အစ္စလာမ်မီဂျမီအတ်မွစ်သဇ်အေဖန်၏အဖွဲ့ဝင်စိုလ်တန်ယာဝါဇ်အာသမာဂျာအနေဖြင့်ကလေး ငယ်များနမာဇ်ကိုမှန်မှန်ကန်ကန်ဖတ်ရွတ်တတ်ရန်သင်ကြားပေးရန်အရေးကြီး ပုံနှင့် မှန်ကန်သည် သာသ နာ ပညာ ရပ်များကို မိဘနှစ်ပါးမှ ကလေးငယ်များ ကို သင်ကြားပို့ချ ပေးရန် တိုက်တွန်းပြောကြားခဲ့ပါသည်။၎င်းအနေဖြင့်ဆက်လက်ပြီး ဤဘာသာရေး သင်ကြားမှု အတွက် မိဘနှစ်ပါး လှုပ်ရှားမှုသည် အလွန်တရာအရေးပါ ထိရောက်မှု ရှိကြောင်း နှင့် ကလေးငယ်များကိုယ်ရည်ကိုယ်သွေး နှင့် တွေးခေါ်မှု အပေါ် အာနိသင် ရှိကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။