အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။

လျှပ်တပြက် နောက်ခံအကြောင်း

ယခုအထိ ဆက်လက်ဖြစ်ပွါးနေသော သတင်းများအား ခြေရာမခံမိသော သူတို့ အတွက် ဤ အကျဉ်းချုပ်အား ကျွန်တော်ရေးသားနေခြင်းဖြစ်ပါသည်။ တမန်တော်မြတ် (ငြိမ်းချမ်းသာယာမှုအဖြာဖြာကျရောက်ပါစေသား) အားအလွန်စော်ကားစွာ ရိုက်ကူးပုံဖော်ထားသော ရုပ်ရှင်ကားအား အမည်မသိသူ တဦးမှ ရိုက်ကူး ပြုလုပ်ခဲ့သည်။ အဆိုပါ ရုပ်ရှင်ကားသည် မည်မျှ ရိုင်းပြစွာ စော်ကားထားသည်ဆိုမူ ပြန်ပြောပြရန်ပင်မသင့်ပေ။ မကြာခင် က ယင်းရုပ်ရှင်ကား အား အရပ်သုံးအီဂျစ်အာရဗီ ဘာသာစကားဖြင့်အသံသွင်းခဲ့ပြီး ၉/၁၁ နှစ်ပတ်လည်နေ့တွင် ပြသမည်ဟု (အီဂျစ်တွင်) ကြေညာခဲ့သည်။ ပုံမှန်အတိုင်းပင်၊ စိတ်ဆိုးဒေါသထွက်မှုများသည် အရှေ့အလယ်ပိုင်း၊ အထူးသဖြင့် အီဂျစ်၊ လစ်ဗျား နှင့် ယီမင် တို့တွင် ပြန့်နှံ့ခဲ့ပြီး နောက်ပိုင်းတွင် တူနီးရှား နှင့် ဆူဒန် နိုင်ငံများသို့  ပြန့်နှံ့ခဲ့သည်။

ဤနိုင်ငံများ ရှိ အမေရိကန်သံရုံးရှေ့၌ ဆန္ဒပြကြရန် ဆော်ဩမှုများနှင့်ဆန္ဒပြပွဲများရှိခဲ့ပြီး များစွာသော သူတို့သည် ဆန္ဒပြပွဲများအား ပါဝင်ခဲ့ကြသည်။ များစွာသောသူတို့သည် ၎င်းတို့၏ ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်းများကို ငြိမ်းချမ်းစွာပြုကြရန် ပါဝင်ခဲ့ကြသော်လည်း လူစုလူဝေးကြီးများသည် ပြင်းထန်သော လှုပ်ရှားမှုများအဖြစ်ပြောင်းလဲသွားပြီး သံရုံးအဆောက်အအုံများ စီးနင်းခံရခြင်း၊ အလံများ၊ ကားများ မီးရှို့ခံရခြင်းနှင့် လစ်ဗျားရှိ အမေရိကန် သံအမတ်အပါအဝင် သံဝန်ထမ်းလေးဦး အသတ်ခံခဲ့ရသည်။

မျဉ်းသားထားသော စကားလုံးများသည် ရှေ့ဆက်ရေးသားမည့်အကြောင်းအရာများအတွက် အရေးပါသည်ဖြစ်သောကြောင့်၎င်းစကားလုံးများအား သတိပြုထားကြပါရန် ပြောကြားအပ်ပါသည်။ အဆိုပါဖြစ်ရပ်များနှင့် ဆက်စပ်ပြီး အချက် (၆) ချက်အားကျွန်တော် ၏ ညီအကိုမောင်နှမများ သိစေရန် တင်ပြလိုပါသည်။

၁။ တမန်တော်မြတ် အားချစ်မြတ်နိုးခြင်းသည် ကျွန်တော်တို့၏ ယုံကြည်ချက်တွင် မရှိမဖြစ်သော အချက်ဖြစ်ခြင်း။

-တမန်တော်မြတ် မိန့်တော်မူခဲ့သည်မှာ-လူတဦး တယောက်သည် ငါကိုယ်တော် အား ၎င်း၏ ဖခင်၊သားနှင့် လူသားတရပ်လုံး ထက်ပိုချစ်မြတ်နိုးခြင်း မရှိသရွေ့ ယုံကြည်သူ မမည်ပေ။ (ဤဩဝါဒ အား အိဗ်နု ဒကီးက် က မှန်ကန်ကြောင်းစီစစ်ထားသည်။)

-တဦးတယောက်သည် အလ္လာဟ်အရှင်မြတ် နှင့် အလ္လာဟ်အရှင်မြတ်၏ တမန်တော် အား အခြား မည်သည့်အရာထက်မဆို ပိုမိုချစ်မြတ်နိုးခြင်း မရှိသရွေ့ ယုံကြည်မှု ၏ အနှစ်သာရ နှင့် သာယာမှုကို တွေ့ရှိမည် မဟုတ်ဟု လည်း တမန်တော်မြတ် က မိန့်ကြားတော်မူခဲ့ပါသေးသည်။ (ဤဩဝါဒ အား အိဗ်နု အလ်အရဗီ က  မှန်ကန်ကြောင်းစီစစ်ထားသည်။)

-တမန်တော်မြတ် ၏ တပည့်ရင်းများ ၏ ပြောဆိုချက်များတွင်လဲအဆိုပါ ခံယူချက် အား ကျွန်တော်တို့တွေ့ရှိရပါသည်။ “အို-အလ္လာဟ် ၏ တမန်တော်၊ ကျွန်တော် / ကျွန်မ ၏ မိဘနှစ်ပါးအား ကိုယ်တော်မြတ် အတွက် စွန့်လှုတော်မူပါ၏။” ဟူသော ပြောဆို ခံယူချက် သည် ၎င်းတို့နှင့် အနီးစပ်ဆုံး၊၎င်းတို့၏ အချစ်မြတ်နိုးဆုံးသူများ ဖြစ်ကြသည့် ၎င်းတို့ ၏ မိဘများထက်ပင် ကိုယ်တော်မြတ် အပေါ်ထားရှိသော ချစ်မြတ်နိုးမှု က ပိုမိုအလေးသာကြောင်း ဖော်ပြနေပေသည်။

-တမန်တော်မြတ် အား အခြားအရာများထက် ပိုမိုချစ်မြတ်နိုးခြင်းဟူသော ခံယူချက်ဖြင့် မွတ်စ်လင်မ်များသည် ကြီးပြင်းလာခဲ့ကြသည်။

-ကျွန်တော်သည်လည်း တမန်တော်မြတ် အား အခြားအရာများထက် ပိုမိုချစ်မြတ်နိုးကြောင်း၊ အလ္လာဟ်အရှင်မြတ်သည် ဤချစ်ခြင်းအား စစ်မှန်သောချစ်ခြင်းအဖြစ် ပြုပေးပါရန် အလ္လာဟ်အရှင်မြတ်ထံတောင်းခံပါကြောင်း ဤပရိသတ်ကြီးရှေ့မှောက်တွင် ကြေညာလိုပါသည်။

၂။ တမန်တော်မြတ် အား မည်သည့်နည်းဖြင့်ရိုင်းပြ စော်ကားသည်ဖြစ်စေ၊ မွတ်စ်လင်မ် များအား အလွန်အမင်း စော်ကားသည်မည်၏။

တမန်တော်မြတ် နှင့် တမန်တော်မြတ် ၏ ဂုဏ်သိက္ခာ အား ကာကွယ် ခြင်းအား တာဝန်တရပ်အဖြစ် မွတ်စ်လင်မ်တိုင်း က ကတိသစ္စာပြုထားကြသည်။ တမန်တော်မြတ် အားကာကွယ်ခြင်းသည် အစ္စလာမ် သာသနာအား ကာကွယ်သည့် အမြင့်ဆုံး အဆင့်ဖြစ်သည်။ ဤအတွက်ဥပမာအား တမန်တော်မြတ် ၏ တပည့်ရင်း တဦးဖြစ်သူ စအဒ် အိဗ်နု အလ်ရဗီး  ၏ နောက်ဆုံးထွက်သက်များတွင် တွေ့ရှိရသည်။

စအဒ် အိဗ်နု အလ်ရဗီး သည် မဒီနဟ်မြို့အားကျူးကျော်တိုက်ခိုက်လာသည့် အင်အား ၃၀၀၀ ရှိသောစစ်တပ် အား ခုခံကာကွယ်သည့် အုဟုဒ် စစ်ပွဲတွင် တမန်တော်မြတ် အား ကာကွယ်ရင်း ရှဟီးဒ်ဖြစ်ခဲ့သည်။ သူသည် သူ၏ နောက်ဆုံးထွက်သက်၌ ဤသို့မေးမြန်း ပြောဆိုခဲ့သည်။ “ကိုယ်တော်မြတ် ကြီး ဘာများဖြစ်သွားသနည်း?” ကျန်တပည့်ရင်းများ က “ကိုယ်တော်မြတ်ကြီး သည် ဘေးမသီရန်မခ ရှိနေပါသည်။ အသင်၏ အခြေအနေ အား စုံစမ်းရန် ကိုယ်တော်မြတ် က ကျွန်ုပ်တို့အား စေလွှတ်ခြင်းဖြစ်ပါသည်” ဟုပြန်ကြားခဲ့ရာ၊ စအဒ် က “ကျွန်ုပ် ၏ စလာမ် ဆို ဂါရဝ ပြုမှု အား ကိုယ်တော်မြတ်ထံပို့ဆက်ပေးပါလေ၊ အလ္လာဟ် အရှင်မြတ် ၏ သတင်းစကားတော် အား ကျွန်ုပ်တို့ထံ ဆောင်ယူဖြန့်ချီခဲ့သည့် အတွက် အလ္လာဟ်အရှင်မြတ်သည်ကိုယ်တော်မြတ် အား အကောင်းဆုံးသော အကျိုးခံစားမှု ချီးမြှင့်တော်မူပါစေဟု ကျွန်ုပ် ဆိုကြောင်း ကိုယ်တော်မြတ် အား ပြောကြားပါလေ။

၎င်းပြင် ကျွန်ုပ် ၏ ရောင်းရင်းများအား (မွတ်စ်လင်မ်များအား) ဤသို့ပြောကြားပါလေ၊ အကယ်၍ အသင်တို့၏ မျက်မှောက်တွင် တမန်တော်မြတ်အပေါ် တစုံတရာ ဖြစ်တည်နေပါလျှင် ရှောင်လွှဲရန် အသင်တို့ ၌ မည်သည့် အကြောင်းပြချက်မျှ မရှိပေ။”

၃။ ယုံကြည်သူ မွတ်စ်လင်မ် သည် အတွေးအခေါ် ထက်သန် ရမည်ဖြစ်ပြီး အကွက်ချစီမံထားမှုအားသိသင့်သည်။

အတွေးအခေါ်ထက်သန် ခြင်း ၏ အစိတ်အပိုင်းတရပ် သည် “ဘာကြောင့်” ဟူသော မေးခွန်းအားမေးမြန်းခြင်းပင်။ -လူများသည် ဘာကြောင့် ထိုသို့သော အမှုတို့အား ပြုပါသနည်း? ဥပမာ- တမန်တော်မြတ် အား ဆိုးရွားစွာ ပုံဖော်ထားသည့် ကာတွန်း၊ ရိုင်းပြစော်ကားသည့် ရုပ်ရှင်၊ မီးတောက်စေသောဆောင်းပါး၊ စသည်တို့။ ထိုလူများ သည် တမန်တော်မြတ်အား မြင်ဖူးခဲ့သည်လဲ မဟုတ်၊ တမန်တော်မြတ်နှင့် ဆုံဖူးခဲ့သည်လဲ မဟုတ်ပေ။ -စင်စစ် တမန်တော်မြတ်သည် ကွယ်လွန်သေဆုံးခဲ့ပြီဖြစ်ပြီး စော်ကားခြင်းအပေါင်းတို့သည်တမန်တော်မြတ် ထံရောက်ရှိသည်လဲ မဟုတ်ပေ။ ပမာဆိုရမူ၊ တဦးတယောက် က တဦး တယောက် ၏ဖခင်အား ဆဲရေးနေသည့် အလားပင်။

-ဘာကြောင့် ဤ အချိန်တွင်မှ? ဘာကြောင့် ၉/၁၁ နှစ်ပတ်လည်တွင် ထိုရုပ်ရှင်အား ပြသသနည်း? -အဘယ်ကြောင့် အရပ်သုံး အီဂျစ် အာရဗီစကားဖြင့် အသံသွင်းရသနည်း? အဘယ်ကြောင့် အီဂျစ်၌ အထူးသဖြ