အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊ အဗ်နာ ။ ။ပတ်စ်ပို့ (မြန်မာနိင်ငံကူး လက်မှတ်) သက်တမ်းကို ၃နှစ်မှ ၅နှစ် သက်တမ်းသို့တိုးမြှင့်လိုက်ကြောင်း ယနေ့ထုတ်နိင်ငံပိုင် သတင်းစာ တွင် ဖော်ပြထား သည်။ ယခင်က သင်္ဘောသားပတ်စ်ပို့ သက်တမ်း ၅နှစ်၊ အလုပ်သမား ပတ်စ်ပို့သက်တမ်း ၄ နှစ်နှင့် အခြားပတ်စ်ပို့ သက်တမ်း ၃ နှစ် သတ်မှတ်ထား ရာမှ ယခုနိုဝင်ဘာ၁ရက်နေ့ ပတ်စ်ပို့ စတင်လျှောက် ထားသူများနှင့် သက်တမ်းတိုး သူများအား ၅နှစ် သက်တမ်း စတင်ထုတ်ပေးသွားမည်ဟု သိရ သည်။