၂ နိုဝင်ဘာ ၂၀၁၂ - ၂၀:၃၀

သတင်းပေးပို့ခြင်း အနုပညာ ရပ်သည် သတင်းပို့ဆောင်ရေးတာဝန် အတွက် အစ္စလာမ်သာသနာ၏ အခြေခံ အုတ်မြစ်ဖြစ်ပါသည်၊အကြောင်းမှာသတင်းပို့ဆောင် မှု အနုပညာရပ်သည် ဘာသာတရားများ နှင့် သက်ဆိုင် နေပြီး ၊ ခေတ်ကာလအရ အသွင် သဏ္ဍာန် သာပြောင်း လဲသွားပေသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ  ။ ။

ဟဇရတ် အာယာသွလ် လ္လာဟ် မိုဟမ္မဒ် ဟစန် အခ်သာရီ ၊ မဂ်ျမယေဂျဟာနီအဟ်လေ့ဘိုက်

(အ.စ) ၏အထွေထွေအတွင်းရေးမှူးချုပ် အနေဖြင့် နိုဝင်ဘာလ ၂ရက်နေ့ သောကြာနေ့ နေ့လည်

မွန်းမတည်းမည်အချိန် ((ဟိုနာရ်အစ္စလာမ်မီ )) ဆိုဒ်ဖွင့်ပွဲတွင် သတင်းပေးပို့ခြင်း အနုပညာ ရပ်သည်

သတင်းပို့ဆောင်ရေးတာဝန် အတွက် အစ္စလာမ်သာသနာ၏ အခြေခံ အုတ်မြစ်ဖြစ်ကြောင်း

၊အကြောင်းမှာ သတင်းပို့ဆောင် မှု အနုပညာရပ်သည်ဘာသာတရားများ နှင့် သက်ဆိုင်နေပြီး

၊ ခေတ်ကာလအရ အသွင် သဏ္ဍာန် သာပြောင်း လဲသွားကြောင်း စသည်ဖြင့် မီးမောင်း

ထိုး ဟောကြားတင်ပြ ခဲ့ပါသည်။

၎င်းအနေဖြင့် ကျမ်းတော်မြတ်ကုရ်အာန် ၏ အာယတ်တော် "وَمَا عَلَى الرَّسُولِ إِلَّا الْبَلَاغُ الْمُبِينُ "

ကို အခြေခံပြီးအဓိက အဓိပ္ပာယ်ဆိုလိုချက်မှာ တမန်တော်မြတ်ကြီး (ဆွ) ၏သမိုင်းပေး တာဝန်သည်

သတင်းပေးပို့ခြင်း ၊သတင်း ပို့ဆောင်ခြင်း ဖြစ်ကြောင်း ဟောကြားတင်ပြ ခဲ့ပါသည်။

ထိုပြင် အေမာမ် ခိုမေနီ (ရ.ဟ) နှင့် အာယာသွလ်လ္လာဟ် အလ်အွဇ်မာ ဆရက်အလီ ခါမေနီ တို့

အနေဖြင့် သတင်းပေးပို့ခြင်း ၊သတင်း ပို့ဆောင်ခြင်း ၏အရေးကြီးမှု

ကိုလမ်းညွှန့်ထား ကြောင်းတင်ပြပြီး ကျွန်ုပ်တို့အနေဖြင့် မလွဲမသသွေ ကမ္ဘာ့ ဘာသာစကား

အသီးသီး ဖြင့် အစ္စလာမ်မီ အနုပညာ ကို ပို့ဆောင် ရမည့် သမိုင်းပေး တာဝန်

ရှိကြောင်း ဟောကြားခဲ့ပါ သည်။