အဗ်နာသတင်းဌာနမှတင်ပြသည်မှာ-

ပါကစ္စတန်မိန်းကလေးများပညာသင်ခွင့်ရရှိရေး လှုံ့ဆော်ကြိုးပမ်းခဲ့သည့်ဆယ်ကျော်သက် မိန်းကလေးမာလာလာယူဆွတ်ဖ်ဇိုင်ကိုပစ်ခတ် ခဲ့ရာတွင်ပါဝင်ခဲ့ကြောင်းသံသယရှိခံရသူအမျိုးသား တစ်ဦး၏အစ်မဖြစ်သူကမာလာလာကိုတောင်းပန်စကားဆိုခဲ့ကြောင်းသိရသည်။

“မာလာလာအပေါ်ကျွန်မမောင်လေးပြုမူခဲ့တဲ့ကိစ္စအတွက်ကျွန်မတောင်းပန်ပါတယ်။ကျေးဇူးပြုပြီးဒီစကားကို မာလာလာသိအောင်လုပ်ပေးကြပါ”ဟုမောင်ဖြစ်သူအာတာအူလာခန်း၂၃နှစ်နှင့်ပတ်သက်၍တနင်္ဂနွေနေ့က သီးသန့်အင်တာဗျူးစဉ်ရီဟားနားဟာလန်းကCNNသို့ပြောကြားခဲ့သည်။

ခန်းနှင့်သွင်ပြင်လက္ခဏာမခွဲခြားနိုင်သေးသောလူငယ်နှစ်ဦးကိုလိုက်လံရှာဖွေခဲ့ကြကြောင်းရဲတပ်ဖွဲ့ကပြော ကြားခဲ့သည်။အောက်တိုဘာလ၉ရက်နေ့တွင်အသက်၁၅နှစ်ရှိမာလာလာနှင့်တခြားကျောင်းသူများ လိုက်ပါလာသည့်ကျောင်းကားကိုSwatတောင်ကြားတွင်တာလီဘန်စစ်သွေးကြွများက တားပြီးသေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ရာမာလာလာနှင့်တခြားမိန်းကလေးတစ်ဦးဒဏ်ရာရရှိခဲ့သည်။

မာလာလာမှာဦးခေါင်းနှင့်လည်ပင်းတွင်ဒဏ်ရာရခဲ့ခြင်းဖြစ်ကာဗြိတိန်တွင်ဆေးဝါးကုသမှုခံယူလျက်ရှိသည်။

“ကျွန်မမောင်ရဲ့လုပ်ရပ်ဟာသည်းခံစရာမရှိပါဘူး၊မာလာလာဟာကျွန်မရဲ့ညီမလေးလိုပါပဲ၊ ကျွန်မရဲ့မိသားစုတစ်ခုလုံးကိုယ်စားမာလာလာအတွက်ကျွန်မစိတ်ပူမိပါတယ်။သူမကြာခင်ပြန်

သက်သာလာပြီးပုံမှန်ဘဝကိုရောက်ရှိလာမယ်လို့ကျွန်မမျှော်လင့်ပါတယ်”ဟုဟာလန်းကပြောကြားခဲ့သည်။