အဟ်လေဘိုက်(အ.စ)အဗ်နာသတင်းဌာနမှတင်ပြသည်မှာ-
ဘိစ်မိလ္လာဟိရ်ရဟ်မားန်နိရ်ရဟီးမ်
“အေမာမ်ဟိုစိန်(အ.စ)သခင် -ရှဟီဒေကရ်ဘလာ”
မီးရှူးသန့်စင်ဖွားမြင်တော်မူသည်မှ ရှဟီးဒ်ကွယ်လွန်ချိန်အထိ ဖြစ်စဉ်အကျဉ်းချုပ်
၁။ အမည်နာမ ။ ။ဟဇရတ်အေမာမ်ဟိုစိန်(အ.စ)သခင်။ (ပန်ဂျတန်)
၂။ မွေးဖွားသည့်ခုနှစ်နှင့် မြို့တော် ။ ။ရှာဘန်လ(၃)ရက် ဟိဂ်ျရီ(၄)ခု မဒီနာရွှေမြို့တော်။
၃။ ကွယ်လွန်သည့်ရက်၊ နေရာဋ္ဌာန ။ ။ဟိဂ်ျရီသက္ကရာဇ် (၆၀) မော်ဟရမ်လ (၁၀)ရက်၊ ကရ်ဘလာ။
၎။ ဖခင်အမည် မျိုးရိုး ။ ။ဆိုင်ယိဒ် ဘနီဟာရှင်မျိုးနွယ် အလီအိဘ်နေအဘီသွာလိဘ်(အ.စ)သခင်။
၅။ မိခင်အမည် မျိုးရိုး ။ ။ဆိုင်ယိဒ် ဘနီဟာရှင်မျိုးနွယ် ဖွာတေမာဘင်တေရစူလေခိုဒါ။
၆။ ဘွဲ့တော်ရအမည်များ။။“ဆိုင်ယိဒ်”“စိဘ်တေအဇ်ဂရ်”
“ရှဟီဒေအက္ကဘရ်” “ဆိုင်ယိဒ်ဒေရှိုဟဒါ”“ရှဘ္ဘီးရ်”မော်ကွန်းဝင်အမည် (အဗူအဘ်ဒွလ္လာ)။
၇။ ကရ်ဘလာမှမြေကြီးတစ်ဆုပ်။။အေမာမ်ဟိုစိန်(အ.စ)သခင်မီးရှူး
သန့်စင်ဖွားမြင်တော်မူချိန် ၌ ကောင်း ကင်တမန် ဂျိဘ်ရာအိလ်ဖရိရှ်တာမှ လက်တွင် မြေကြီးတစ်ဆုပ်ယူလာပြီးနောက် ဘိုးတော် တမန်တော်မြတ် မိုဟမ္မဒ်(ဆွ) သခင်သို့ ပေးအပ်သည်။ ၎င်းနောက် မိန့်ဆိုသည်မှာ- “ဤကလေးငယ်သည် နောင်သောအခါ အွန်မတ်သားများ၏ လုပ် ကြံ သတ်ဖြတ်၍ ရှဟာဒတ်မရ်တဘာ ခံရမည်။ ထိုနေ့ ထိုအချိန်၌ ယခုပေးခဲ့သောမြေကြီးသည် သွေးဖြစ်သွားမည်” ဟု ကရ်ဘလာ ၀ါကေအာ ဖြစ်စဉ်များ ပြောပြရာ၌တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)သခင်၊
မောင်လာအလီ(အ.စ)သခင်၊မိခင်ဖွာတေမာ(စ.အ)သခင်မနှင့်
နောင်တော် အေမာမ်ဟစန်(အ.စ)သခင် စသည့် အိမ်တော်သားများ ယူကြုံးမရ ၀မ်းနည်း ပက်လက် ငိုကျွေးပူဆွေးကြ၏။ ဤသည်ကား တမန်တော်မြတ်(ဆွ)သခင်၏ အိမ်တော်၌ ကောင်းကင်တမန် ဂျိဘ်ရာအိလ် (အ.စ)သခင်က ”ဇာကိရ်” တရားဟောဆရာအဖြစ် ဦးဆောင်၍ ပြုလုပ်သော ကမ္ဘာ့ပထမ ဦး ဆုံးသော မဂျလစ် ငိုပွဲ၊တရားပွဲ ဖြစ်ခဲ့ပါသည်။ တမန်တော်မြတ် (ဆွ)သို့ ဆက်သထားသော ကရ်ဘ လာမြေကြီး တစ်ဆုပ်ကို အွမ်မေစလ်မာန်ဇနီးသည် လက်ဝယ်သို့ ပေးအပ်ပြီးနောက် ဖန်ပုလင်းတွင် ထည့်သွင်း ၍ စောင့်ရှောက် ထားရှိရန် အမာ နတ် တာဝန်တစ်ရပ် ပေးအပ်သည်။
ဟိဂ်ျရီသက္ကရာဇ် “၄”ခုမှ “၆၁”ခုထိ နှစ်ပေါင်း “၅၇”နှစ်ကာလထိ ကြာမြင့်စွာ စောင့်ရှောက်ပေးထားသူ တ မန်တော်မြတ်(ဆွ)၏ ဇနီးသည် အွမ်မေစလ်မာန်သခင် မသည်ကား မော်ကွန်းဝင်ပစ္စည်းထိန်း သခင်မဖြစ်ပါသည်။ အာရှူ ရာနေ့ အစွရ်အချိန် အေမာမ်သခင် ရှဟီးဒ်ဖြစ်ချိန်၌ ပေးအပ်ထားသော မြေကြီးအပြင် မိုးကောင်း ကင်မှ သွေးမိုး ရွာခဲ့၏။ကျောက်တုံးကျောက်ခဲများအောက်မှလည်း
သွေးများယိုစီး၏။ အေမာမ်သခင်၏ ဖြတ်ထားခြင်းခံရပြီးဖြစ်သည့် ဦးခေါင်းတော်တင်ထားသည့် ကျောက်တုံးမှလည်း သွေးများယိုစီးနေ
သည်ကို ဘာသာဝင်အများ သိရှိတွေ့ ရှိပြီး ဖြစ်ပါ လိမ့်မည်ခင်ဗျာ။
၈။ တမန်တော်မြတ် မိုဟမ္မဒ်(ဆွ)သခင် အပါအ၀င် အထက်ဖော်ပြပါ မဂျလစ်တော်ကိစ္စနှင့် စပ်လျဉ်း၍ ဖွာတေမာ(စ.အ) သခင်မက မေးမြန်းသိလိုသည်ကား -“ခမည်းတော် သားတော်ရှဟီးဒ်ဖြစ်သည့်အချိန် ကျွန်မတို့အားလုံး မ ရှိတော့ သည့်နောက်ပိုင်း ငိုကျွေးခြင်း၊ သတိရခြင်း၊ နောင်ဟာမာတမ်ကိစ္စ ဘယ်သူတွေ လုပ်ပေးမှာ လည်း သိပါရစေ”ဟု လျှောက်ထားမေးမြန်းပြန်သည့်အခါ အတိုချုံးတင်ပြရမည်ဆိုပါက တမန်တော်မြတ်(ဆွ) မိန့်ကြား သည် ကား “အာလေအဘာနပန်ဂျတန်သခင်များနှင့် အဲဟ်လေဘိုင့်သ်ကို အချစ်ထားသူ အမျိုးသားများ၎င်း၊ အမျိုး သမီးများနှင့် ကလေးများကလည်း တာဇီယာ၊အဇာဒါရီများ ကေယာမတ်နေ့တိုင် လုပ်ပေးသွားကြလိမ့်မည်။ သင်ပူပန်စရာမလိုတော့” ဟု ပြောကြားသည့်အခါ သမီးတော်ဖွာတေမာ(စ.အ)သခင်မက ကတိက ၀တ်တစ် ခု ပြု သည်ကား- “အဇာဒါရီ ဂမ်မေဟိုစိန်တွင် ပါဝင်ကြသူများ အားလုံးအတွက် ကေယာမတ် ဟရှရ်စာ ရင်းရှင်း သည့်နေ့ အလ္လာဟ်အရှင်မြတ်ထံတော်၌ မိုဟိဘ်ဘေအဲဟ်လေဘိုင့်သ် ရှဟီဒီနှင့် အဲဟ်လေဘိုင့်သ်များအပေါ် အချစ်ထားသူ မို့အ်မင်န် မိုအ့်မေနတ်အားလုံးအတွက် ဂျဟန္နမ်ငရဲဘေးမှ လွတ်ငြိမ်းချမ်းသာခွင့်နှင့်တကွ ဂျန္နတ်သုခဘုံကို ချီးမြှင့်ပေးရန် တောင်းခံမည်။ ရှဖာအသ်ရမည့်သူများနှင့် အတူတကွ သမီးတော်လည်း ဂျန္နတ်သုခဘုံသို့ ထိုအချိန်ကြမှ ခိုလှုံမည်”ဟု လျှောက်တင်ခဲ့၏။ ထို့ကြောင့် မို့အ်မင်န် မို့အ်မေနတ်အားလုံး ဂျန္န တီရရှိနိုင်ရန် နမားဇ်၊ ရိုဇာ၊ ဇကားသ်၊ ဟာဂ်ျ အပါအ၀င် အဇာဒါရီနှင့်တကွ အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်၌ အလှူ အတန်းများ ၊မိမိတတ်နိုင်သ၍ ဖြည့်စွက်ပါဝင်ကြရန် မွေးရာပါတာဝန်ဟု မှတ်ယူ ဆောင်ရွက်ကြ ပါခင်ဗျာ။ အင်ရှာအလ္လာ....
၉။ ဟိဂ်ျရီသက္ကရာဇ် “၉”ခုနှစ်၌ နာစ်ရာဏီဘာသာဝင်များနှင့် တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)သခင် ဘာသာရေးကိစ္စ မိုဘာဟေလာ -ကျမ်းသစ္စာကြိမ်ဆိုပွဲအကြောင်း ဘာသာ ၀င် အားလုံးသိပြီး ဖြစ်ပါသည်။ ထိုစဉ်ကာလ တ မန်တော်မြတ် မို ဟမ္မဒ်(ဆွ)သခင်၏ အမိန့်တော်တစ်ရပ် ချမှတ်သည်ကား “အသင်တို့ဘက်က သား၊သမီး၊ အသက် ကိုခေါ် လာ ခဲ့ပါ။” မမှန်မကန်သူများအပေါ် အလ္လာဟ်အရှင်မြတ်သခင်မှ လောင်မီးကျ၍ ကမ္ဘာတွင်း အမျိုးပြုတ်သည်အထိ ကျိန် ဆိုကြမည့်အကြောင်း ရာဇသံပေးပြီး မိမိဘက်မှ သားအဖြစ် အေမာမ်ဟစန်(အ.စ)သခင်ကို လက်မှာ ဆွဲ၍ အေ မာမ်ဟို စိန်(အ.စ)သခင်ကို ရင်ခွင်ပိုက်၍ ဘေးမှ သမီးအရာ ဖွာတေမာ(စ.အ)သခင်မ အသက်အဖြစ် မိမိ နောက် က မောင်လာ အလီ(အ.စ)သခင် ပါဝင်စေပြီး ကြွလာရာ၌ ပန်ဂျတန်သ ခင်တို့၏ နူရီတော် အလင်းများအား လုံး တွေ့မြင်ခဲ့ပြီး ပြိုင် ဘက် များမှ မယှဉ်ပြိုင်တော့ဘဲ ရှုံးပွဲ နှင့် ရင်ဆိုင်သွားကြသည်။ ထိုကျိန်ဆိုပွဲ မှန်ကန်ကြောင်း ကျမ်းမြတ်ကွရ်အာန် စူ ရာအာလေအင်မ်ရာန် အာယတ်အမှတ်“၄၁” နာဇိလ်ဖြစ်ခြင်းကို တွေ့မြင်ရပါမည် ခင်ဗျာ။
ထိုစဉ်က အေမာမ်ဟိုစိန်(အ.စ)သခင်သည် သက်တော် “၅”နှစ် ကလေးဘ၀မှာပင် မိုဘာဟေလာ၌ ပထမဦးဆုံး ပါ ၀င်ခြင်း ကား ဇာတိသွေးဇာတိမာန်အပြည့်နှင့်ပန်ဂျတန်၏အငယ်ဆုံးသခင်မော်ကွန်း
ဝင်မြေးတော်ဖြစ်သည်ကိုသတိမူပါခင်ဗျာ။