အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ ဆီးရီးယားနိုင်ငံ သမ္မတ အာဆတ်သည် သူ့နိုင်ငံတွင် ပြည်တွင်းစစ် ဖြစ် ပွားနေခြင်း
မရှိကြောင်း ကိုယ်စားလှယ် များမှ တစ်ဆင့် အကြမ်းဖက်မှု ဖြစ်သော တိုက်ပွဲအသစ် တစ်မျိုး ဆင်နွှဲနေရ သည်ဟု ပြောကြားခဲ့သည်။
သမ္မတအာရှာအာဆတ်က သူ၏ စစ်သည်များသည် ကြမ်းတမ်းခက်ခဲ သော စစ်ပွဲတစ်ခုကို ဆင်နွှဲနေသည် မှာ အမှန်ပင်ဖြစ်ပြီး တိုင်းတစ်ပါးနိုင်ငံ များမှ သူပုန်များထံ လက်နက်များပို့ဆောင်မှု ရပ်တန့်လိုက်လျှင် သီတင်း ပတ်အနည်းငယ်အတွင်းမှာပင် ကိစ္စ အားလုံးရှင်းလင်းပစ်လိုက်မည်ဟု ဖြည့် စွက်ပြောကြားခဲ့သည်။
အာဆတ်သည် ၂၀၁၁ခုနှစ် မတ် လတွင် သူ့အစိုးရကို ပုန်ကန်မှုစတင် လိုက်ချိန်မှစ၍ ချခဲ့သမျှ ဆုံးဖြတ်ချက် များအတွက် နောင်တရခြင်းမရှိပါဟု Russia Today TV နှင့် အင်တာဗျူး တွင်ပြောကြားခဲ့သည်။