အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန။ ။အဗ်နာနိုင်ငံရေး-လူမှုရေး။။ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော်ဖြစ်သောမနီလာမြို့၏ အဆောက်အအုံအသစ်တွင်အီရန်နိုင်ငံသားများနှင့်ဖိလစ်ပိုင်နိုင်ငံမှမွတ်စလမန်လူထု၊တက္ကသိုလ်ကျောင်းသားကျောင်းသူများသည်အေမာမ်(အ.စ)နှင့်အေမာမ်၏အိမ်တော်သူ၊အိမ်တော်သားများ၊အေမာမ်၏သစ္စာရှိသောနောက်လိုက်များအတွက်ဝမ်းနည်းဖွယ်အခမ်းအနား ကိုပြုလုပ် ကျင်းပခဲ့ကြသည်။အီးက်နာအပြည်ပြည်ဆိုင်ရာကျမ်းတော်မြတ်ကုရ်အာန်သတင်းဌာန-အီရန်မှယဉ်ကျေးမှုနှင့်ဆက်နွယ်သောအစ္စလာမ်၏ရုံးခွဲမှတင်ပြသည်မှာထိုအဇာဒါရီအခမ်းအနားသည်နေ့စဉ်ပြုလုပ်သွားမည်ဖြစ်ပြီးတစ်နေ့ထက်တစ်နေ့လူဦးရေထောင်ပေါင်း၊သောင်းမကပါဝင်လျက်ရှိပြီးသာစူအာ၊အာရှူရာနေ့အထိအေမာမ်ကိုအချစ်ထားသူများနှင့်ပြည့်နှက်လျက်ရှိသည်။ဟွဂ်ျသွလ်အစ္စလာမ်မူဆဝီသည်ကောလိပ် ကျောင်းမှကျောင်းအုပ်ဖြစ်ပြီး တက္ကသိုလ်တွင်စာသင်ကြားပြသသောကျောင်းဆရာတစ်ဦး လည်းဖြစ်သည်။ထိုသူသည်အေမာမ်ဟိုစိုင်း(န(အ.စ)၏ကိုယ်ရည်ကိုယ်သွေးအေမာမ်(အ.စ)၏အာရှူတော်လှန်ရေး နှင့်မွတ်စလမန်ပြည်သူလူထု၏တာဝန်ရပ်များကို မိန့်ကြားဟောပြောခဲ့သည်။ထိုအခမ်းအနား၏အဇာဒါရီအဖွင့်ကိုကုရ်အာန်ကျမ်းတော်မြတ်ဖြင့်ရွတ်ဖတ်ဖွင့်ဆိုပြီး၊ ဇေယာရတ်(သ)အာရှူရာကိုလည်း ကျွန်ုပ်တို့နိုင်ငံ၏ဓလေ့ထုံးစံအတိုင်းဖတ်ရွတ်ခဲ့သည်။ ထိုအဇာဒါရီတွင်နောင်ဟာဖတ်ရွတ်သူသည်အပြည်ပြည်ဆိုင်ရာသဘလီးအဖွဲ့မှဖတ်ရွတ်ကာအေမာမ်ကိုအချစ်ထားသောလူထုများသည်ထိုအဆောက်အဦး၏အပြင်အထိရောက်ရှိကာ ရင်ထု၍ငိုကြွေးခဲ့ကြသည်။ထိုနည်းတူအာရှူရာနေ့၏ဇဟိုရ်နမားဇ်ကိုလည်းကောလိပ်ကျောင်းမှကျောင်းအုပ်ဆရာကြီးကဂျမာအသ်ဖတ်ရွတ်ပေးခဲ့သည်။ထိုအခမ်းအနားကိုစာအုပ်များ၊ဓါတ်ပုံများဖြင့် မှတ်တမ်းတင်ကာအမာမ်ကိုအချစ်ထားသောသူများကို ဂုဏ်ပြုလျက်ရှိသည်။