အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံသည် မြေအောက် တွင် ဆောင်ရွက် နေသော ယူရေနီယံ သန့်စင် ထုတ်လုပ်မှုကို နှစ်ဆ တိုးမြှင့်သွားရန် အဆင်သင့်ဖြစ်နေပြီဟု သတင်း ထွက်ပေါ် လာသည်။
နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ (IAEA) ၏ လျှို့ဝှက် အစီအရင်ခံစာ ပေါက်ကြားမှုမှ တဆင့် ပြည်ထောင်စုအစ္စလာမ်မစ် အီရန်၏ ယူရေနီယံ တိုးမြှင့် ထုတ်လုပ်မည့် သတင်း ထွက်ပေါ် လာခြင်းဖြစ်သည်။
ပြည်ထောင်စုအစ္စလာမ်မစ် အီရန်၏ ယူရေနီယံ သန့်စင်မှု တိုးမြှင့် ဆောင်ရွက်မည့် အစီအစဉ်ကြောင့် ပြည်ထောင်စုအစ္စလာမ်မစ် အီရန်အနေဖြင့် နျူကလီးယားလက်နက်ထုတ်လုပ်ရေးကြိုးပမ်းနေကြောင်းအမြဲအီရန် နိုင်ငံအားမကောင်းမြင် နေသည့်အနောက်အုပ်စု၏ သံသယကိုပိုမိုခိုင်မာလာစေမည်ဖြစ်သည်။ ပြည်ထောင်စုအစ္စလာမ်မစ် အီရန်အစိုးရကမူ ၄င်းတို့၏နျူကလီးယား အစီအစဉ်များမှာ ငြိမ်းချမ်းရေး အတွက်သာ ရည်ရွယ်ကြောင်းအခိုင်အမာပြောကြားထားသည်။