အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံသည် သမုဒ္ဒရာ စစ်ဆင်ရေး များတွင် ရန်သူများ၏ လှည့်စားမှု ကို ကာကွယ်နိုင်ရန် အတွက်၎င်း၏ ရေတပ်မှ ရေငုပ်သင်္ဘောများကို စိမ်းပြာရောင် ဆေးများ သုတ်လိမ်း ထားကြောင်း ပြည်ထောင်စု အစ္စလာမ်မစ် အီရန် ပြည်တွင်း သတင်း တစ်ရပ်တွင် ထုတ်လွှင့် ပြသ ခဲ့သည်။
ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံ တောင်ပိုင်း ပါရှန်ပင် လယ်ကွေ့အတွင်းရှိ ဘန်ဒါအာဗက်ဆိပ် ကမ်းတွင် ပြည်ထောင်စု အစ္စလာမ်မစ် အီရန်၏စိမ်းပြာရောင်ဆီနာ ၇ ရေငုပ် သင်္ဘောကို နို ဝင်ဘာလ ၂၈ ရက် နေ့တွင် ဆိုက်ကပ်ပြသခဲ့သည်။
ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင် ငံသည် ၁၉၇၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အစ္စလာမ်မစ် တော်လှန်ရေးအောင်မြင်ပြီး နောက်ပိုင်းတွင် မည်သည့် ပြည်ပနိုင်ငံများ၏ အကူအညီကို မယူဘဲ ကိုယ့်ခွန် ကိုယ်အား ဖြင့်သာ ရပ်တည်နိုင်ခဲ့ကြောင်း ပြည်ထောင်စု အစ္စလာမ်မစ် အီရန်ရေတပ်ဒုတိယ ဗိုလ်မှူးကြီးဟာဘီဘွလ် လက်ဆာရီ က ပြော ကြားသွားခဲ့သည်။
ဆီနာ 7 ရေငုပ်သင်္ဘော ဒုံးကျည် ကာကွယ်ရေး စနစ်များ တပ်ဆင်ထားပြီး ပြည်ထောင်စု အစ္စလာမ်မစ် အီရန် အစိုးရ၏ ကာကွယ်ရေး အတွက်များစွာ အထောက်အကူပြုကြောင်း သိရှိရသည်။