အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ တစ်ကျော့ပြန် ပဋိပက္ခကြောင့် လူပေါင်း၉၀ နီးပါး သေဆုံး ခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှကြိုးကိုင် လှုံဆော်လှုပ်ရှားသူများ ကို စစ်ဆေးပြီးပါက ပြည်သူလူထုထံ ပွင့်ပွင့်လင်းလင်း ချပြ အသိပေးသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးရဲချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခအခြေအနေများနှင့် ပတ်သက်၍ ဒီဇင်ဘာ ၈ရက်ေ န့ ညနေပိုင်းတွင်ရန်ကုန်မြို့ရှိနိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၄င်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

“အခုက စုံစမ်းဖော်ထုတ်ဆဲ ပဲရှိသေးတယ်။ စုံးစမ်းဖော်ထုတ်ပြီးပြီ။ အထောက် အထားတွေ ခိုင်လုံသွားပြီဆိုရင် အားလုံးသိ အောင်ချပြပေးသွား မယ်။အားလုံးသိအောင် ရှင်းပြပေးသွားမယ်“ မယ်ဟု ရဲချုပ်ကဆိုသည်။။ ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှကြိုးကိုင်လှုံဆော် လှုပ်ရှား သူများသည် ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်းနှစ်ခုလုံးတွင်ရှိပြီး ပဋိပက္ခ တွင် တိုက်ရိုက်ပါဝင်ပတ်သက်သူများကိုတရားဥပဒေအရအရေးယူရန်ထိန်းသိမ်းထားပြီြး ဖစ်ကြောင်း နယ်စပ်ရေးရာ ၀န်ကြီး ဌာနပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက သတင်းမီဒီယာများကိုနိုဝင်ဘာလ ၂၁ရက်နေ့တွင် ပြောကြားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို့ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝ န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည့်သူ အင်အားဝန် ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် မြန်မာနိုင်ငံဆိုင်ရာနိုင်ငံတကာသံအမတ်များတက်ရောက်ခဲ့သည်။

ရခိုင်ပြည်နယ် ပဋိပက္ခတွင် နိုင်ငံရေးပါတီ၊ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများနှင့်အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ် သက်နေသည့် အထောက်တွေ့ရှိရပြီး နောက်ကွယ်မှကြိုးကိုင် လှုပ်ရှားနေသူများကို နိုင်ငံ တော်က စတင်စစ်ဆေးအရေးယူ လျှက်ရှိပြီး ဇွန်လအတွင်းမှ စတင်ဖြစ်ပွားခဲ့သောဆူပူ အကြမ်း ဖက်မှု များကြောင်း သေဆုံးသူ (၁၆၇) ဦး၊ ဒဏ်ရာ ရရှိသူ(၂၂၃)ဦး၊ အိမ်ထောင်စုပေါင်း (၁၆,၉၈၀)၊ လူဦးရေ (၁၁,၁၀၀၀)ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ပြီး အတိဒုက္ခရောက်နေကြကာ အိုးအိမ်နှင့်အဆောက်အဦး (၁၀,၁၀၀)လုံး အပျက်အစီး ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်း ထုတ်ပြန်ခဲ့သည်။