စွန္နီ ညီနောင်များ ကျမ်းလာ ဆွာဟာဗာ၊ သာဝကတော်များ အကြောင်း အပိုင်း(၁)
((အွစ်သာဒ် ဒေ မော်ဟ်သရမ် စေ ဂျန်ဒ် စဝါးလ် )) စာအုပ်
ကျွန်တော်အနေဖြင့် ဤခေါင်းစဉ် ကို အထူး သီးသန့် ယနေ့မျက်မှောက်ခေတ် အချိန်တွင် ရှီအာ နှင့် စွန္နီ ညီနောင်များ အကြား စည်းလုံးညီညွတ်ရန် အရေးကြီးကြောင်းသိပါလျက် ပြဿနာမရှိ ပြဿနာ ရှာပြီး ရှီအာ တွေက ဆွာဟာဗာတော်များ ကို စော်ကားပါတယ်၊ ဘာညာဆိုပြီး ၊တစိတ်ကို တအိတ် ၊ကြီးသည့်အမှုကို ငယ်အောင် ငယ်တဲ့အမှု ကိုပပျောက် အောက် မလုပ်လို့သည့် အသိပညာခေါင်းပါးနေသည့် အစ္စရေး နှင့်အမေရိကန်လက်ပါးစေ ဝဟာဘီများ အကြောင်းကို သိစေရန်ဖြစ်ပေသည်။
မည်သည့်စွန္နီအစစ် ကျမ်းဂန်ကိုအနှံ့အစပ်ဖတ်ဖူးသူ မှန်သမျှ သည် ဆွာဟာဗာများနှင့် ပတ်သက်ပြီး ရှီအာအေမာမ်မီယာများ ၏ အမြင်ကို အပြစ်တင်ဝေဖန်ပြီး ပြဿနာ ရှာမည် မဟုတ်ချေ။ အကြောင်းမှာ အီရန်နိုင်ငံ ဇာအေဒန်ပြည်နယ် မှ ဖွဖ်သီ အဆင့်ရှိ စွန္နီကျောင်းသားအနေဖြင့် မိမိ ဆရာထံမေးမြန်းထားချက် ကို အူရ်သူဘာသာပြန်စာ အုပ် ((အွစ်သာဒ် ဒေ မော်ဟ်သရမ် စေ ဂျန်ဒ် စဝါးလ် )) စာအုပ် စာမျက်နှာ ၆၀ မှ ၇၄ အထိ ကျွန်တော် အနေဖြင့်မူရင်းစာအုပ်ပါ ဆိုလိုချက်အဓိပ္ပါယ်ကို မပျက်စေဘဲ တင်ပြပုံအားအနည်း ငယ်နည်း ပြောင်းပြီး ဖော်ပြ သွားပါမည်။ အင်ရှာ အလ္လာဟ်
မှတ်ချက် ။ ။ ကျွန်တော်အနေဖြင့် မည်သည်စစ်မှန်သည့် ဆွာဟာဗာသာဝကတော်များ (ရ.သွေ) ကိုပုတ်ခတ်စော်ကားလိုသည့်ဆန္ဒပင်မရှိကြောင်း ၊အကယ်၍ခိုင်လုံသည့်ကျမ်းဂန်များ ပါအကြောင်းအရာများ ၊ အဖြစ်အဖျက်များ ကို ရေးသားတင်ပြရာတွင် တချို့ စွန္နီ ညီနောင်များ အရိုအသေပြုလေးစားပြီး သာဝကတော်များ အဖြင့်ခံယူထားသည့် ပုဂ္ဂိုလ်များ ဖြစ်ခဲ့ပါလျှင် နားလည်ပေးကြပါရန် အထူးလေးစားစွာ တောင်းဆိုလိုက်ပါသည်။
မဟာတမန်တော်မြတ်ကြီး (ဆွ) အနေဖြင့် ဂျနာဗေ အဗ်ဒွလ်လ္လာဟ်ဗင်စလာမ် တစ်ဦးတည်း ကိုသာ ဂျန္နတ်သုခဘုံ ၏သတင်းကောင်းပေးခဲ့သည်ဆိုသည်မှာ မှန်ပါသလား ?
အကြောင်းမှာ -
ဂျနာဗေ စအ်ဒေဝကာ(စ်) ((سعد وقاص )))အနေဖြင့် တင်ပြသည်မှာ -
ما سمعت النبّی (ص) یقول لأحدیمشی علی الأرض انّه من أهل الجنّة الّا لعبدالله بن سلام
انظر – صحیح بخاری باب المناقب ؛ مناقب عبدالله بن سلام
وبه نقل صحیح مسلم : لا أقول لأحد من الأ حیاء أنّه من أهل الجنّة الاّ لعبدالله بن سلام
انظر – صحیح مسلم ، باب فضائل عبد الله بن سلام ؛ ح 2483 ؛ فتح الباری 7 : 130 ، سیراعلام النبلاء 4: 349
အထက်ပါဟဒီးစ်တော်အရ (( حدیث عشره مبشره )) ဟဒီးစ်တော် ကိုဘယ်လို့ ဖြေရှင်း ပေးမည်နည်း ?
အထက်ဖော်ပြပါဟဒီးစ်တော်သည် မှန်ကန်သည့်ဟု စွန္နီညီနောင်များလက်ခံထားသည့် ဟဒီးစ်ကျမ်းကြီးစဟီး ဘုခါရီ နှင့် စဟီးမွတ်စလင်တို့တွင် ပါနေပေသည်။
ထိုပြင် (( حدیث عشره مبشره )) ဟဒီးစ်တော် သည် ဇအီးဖ်မဖြစ်ဘဲ၊မှန်ကန်သည့်ဟု ဆိုပါက အဘယ်ကြောင့် စဟီး ဘုခါရီ နှင့် စဟီးမွတ်စလင်တို့တွင်မ ပါရပါသနည်း ?
မဟာတမန်တော်မြတ်ကြီး (ဆွ) အနေဖြင့် အချို့သာဝကတော်များကို မိုနာဖေက် ဟုမိန့်တော် မူခဲ့ သည်မှာ မှန်ပါသလား? ဂျန္နတ်အမတသုခဘုံသို့ ဘယ်တော့မှ ဝင်ရောက်ရမည်မဟုတ်ဟုမိန့်တော်မူထားပါသလား?
အကြောင်းမှာ - စဟီးမွတ်စလင်ကျမ်းတော်တွင်အောက်ပါအတိုင်း ကိုယ်တော်မြတ် (ဆွ) အနေဖြင့် မိန့်တော်မူထားပေသည်။
فی أصحابی اثنا عشرمنافقا ؛ فیهم ثمانیة لا یدخلون الجنّة حتی یلج الجمل فی سمّ الخیاط ...
انظر – صحیح مسلم 8 : 122 ، کتاب صفات المنافقین ، مسند احمد 4 :320 ّ البدایة ئالنهایة 5 :20
အဓိပ္ပါယ် ဆိုလိုချက် - ကျွန်ုပ်၏ ဆွာဟာဗာများမှ ၁၂ပါးသည် မိုနာဖေက် ဖြစ်ပါသည်။ ၎င်းတို့အနက်မှ ၈ ပါးသည် ဂျန္နတ်အမတသုခဘုံသို့ ဝင်ရောက်ခစား ကြရမည် မဟုတ်ချေ။
ဘာသာပြန်ဆိုသူ - (မကောင်းသည့်) ဆွာဟာဗာများကိုရှီအာများအနေဖြင့်မကောင်းကြောင်း ပြောလျှင်ရေးလျှင် သာဝတော်များကို စော်ကားတဲ့ကောင်တွေ ၊ မိုက်ရိုင်းတဲ့ကောင်တွေ ၊ ဘာညာဆိုပြီး ပုဒ်မတပ်ကာ ကာဖေရ်ဟု သမုတ်တတ်ကြသူများ ၊ သတ်ဖြတ်သူများ အနေဖြင့် ကိုတော်မြတ်ကြီး (ဆွ) ကိုလည်း (မအာဇလ်လ္လာဟ်) ကာဖေရ်ဟုပြောပြီး သာဝတော်များကို စော်ကားတဲ့ပုဂ္ဂိုလ် ၊ မိုက်ရိုင်းတဲ့ ပုဂ္ဂိုလ်ဆိုပြီး ပြောရဲကြပါသလား? သတ်ဖို့ကော် ဖသ်ဝါ ပေးရဲကြပါ သလား ?
အားလုံးသေခြင်းဆိုးပြီး ၊ အမျိုးဖြုတ် ၊ အမျိုးတုံး ကာ ဂျဟန္နမ်ရောက်သွားကြ မယ်။ ဘယ်သူမှ မကယ်နိုင် ဖြစ်သွားမယ် …
ဆက်ရန် …
ရှိက်ခ်ဂျမားလ် (ကွမ်း)