အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန။။အဗ်နာmustafa-ibraheem-abu-reuters.nပါလက်စတိုင်းအာဏာပိုင်များသည် အစ္စရေးတို့၏ ပါလက်စတိုင်းကလေးငယ်များကို ဖမ်းဆီးညှင်းပမ်းနှိပ်စက်ခြင်းအပေါ် ဥပဒေအရ အရေးယူရန် စဉ်းစားလျှက်ရှိသည်။ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ပါလက်စတိုင်းအပေါ် non-member observer state အဖြစ် သံတမန်အဆင့်အတန်း မြှင့်တင်ရန် မဲခွဲဆုံးဖြတ်ရာ ရလာဒ်အဖြစ် ပါလက်စတိုင်းသည်ကုလသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ပြစ်မှု ခုံရုံးတို့သို့ ဆက်သွယ်ဆောင်ရွက် နိုင်သည့် အခွင့်အရေးများ ရရှိလာသည်။“ကျွန်တော်တို့က အစ္စရေးတို့ကျူးလွန်တဲ့ပြစ်မှုတွေကို တိုင်းတာပြီး အထူးသဖြင့် ဖမ်းဆီးခြင်း၊ထိန်းသိမ်းခြင်း နှင့် ပါလက်စတိုင်း ကလေးငယ်များအပေါ် မတရား ညှင်းပမ်းနှိပ်စက်ခြင်းတို့အပေါ်စစ်ခုံရုံးတင် ဆောင်ရွက်ရန် ကြိုးပမ်းခြင်းဖြင့် လတ်တလောရရှိထားတဲ့ နိုင်ငံအဆင့်အတန်းကိုကျင့်သုံးရန်လိုသည်။” ဟု ပါလက်စတိုင်းနိုင်ငံ အကျဉ်းဦးစီးဌာနဆိုင်ရာဝန်ကြီး အီဆာကရာကေးကအယ်လ်အာရေးဗျ သတင်းအစီအစဉ်သို့ ပြောကြားသည်။၎င်း၏ ထုတ်ပြန်ချက်တွင် ၂၀၁၂ ခုနှစ်အတွင်း ပါလက်စတိုင်းကလေးငယ် ၉၀၀ ခန့် အစ္စရေးအာဏာပိုင်တို့၏ ဖမ်းဆီးခြင်းခံရကြောင်း၊ ၂၀၁၁ ခုနှစ် က ၇၀၀ ခန့်ဖမ်းဆီးခံရမှုထက် သိသိသာသာ မြင့်တက်လျှက်ရှိကြောင်း ဖေါ်ပြသည်။ ထုတ်ပြန်ချက်တွင် ကလေးများသည် စစ်မေးစဉ် မကြာခဏ ညှင်းပမ်း နှိပ်စက် ခံရကြောင်း နှင့် ထိန်းသိမ်းထားစဉ်အတွင်း အရိုက်ခံရကြောင်း တင်ပြသည်။“အစ္စရေးတို့သည် ကလေးသူငယ် ကာကွယ်စောင့်ရေး ဥပဒေနှင့် ကလေးသူငယ်များအပေါ် ထိုသို့အနာတရဖြစ်စေသည့် အပြုအမူများကို ရည်ညွှန်းသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေများ ချိုးဖေါက်နေသည်။” ဟု ကရာကေးက ပြောသေးသည်။ကရာကေးက အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများသည် ပါလက်စတိုင်းကလေးငယ်များ အပေါ်ကျူးလွန်သည့် ပြစ်မှုများကို သတိပြုမိကြောင်းနှင့် အမျိုးစုံသော လူ့အခွင့်အရေး အဖွဲ့များက ပါလက်စတိုင်းကလေးများနှင့် စုစည်းကာ လှုံ့ဆော်မှုများ ပြုလုပ်နေကြောင်း အရေးတယူ ပြောသည်။ “ဒါပေမဲ့ ဒါနဲ့တင်မလုံလောက်ဘူး။ကျွန်တော်တို့ ဒီထက်ပိုပြီး လုပ်ဆောင်ရမယ်။” ဟု ၄င်းက အယ်အာရေးဗျကိုပြောပါသည်။အကျဉ်းထောင် ထောက်ပံ့ရေးနှင့် လူ့အခွင့်အရေး အဖွဲ့ အစည်းများ၏ လစဉ် အစီရင်ခံစာအရဒီဇင်ဘာ ၁ ရက်တွင် ကလေးငယ် ၁၇၇ ဦး အကျဉ်းထောင်တွင် ကျန်သေးကြောင်း ဖေါ်ပြသည်။ပါလက်စတိုင်းတို့က ICC သို့ ယခုထိ တိုင်ကြားခြင်းမရှိသေးသော်လည်း ပြီးခဲ့သည့် အပတ်က အကယ်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အစ္စရေးတို့၏ အနောက်ဘက်ကမ်း နှင့် အရှေ့ဂျေရုစလင်တွင် အခြေစိုက်ရန် ကြံစည်မှုများကို အရေးယူခြင်းမရှိပါက တိုင်ကြားတော့M-Mediaမည်ဖြစ်ကြောင်း သတိပေး ပြောကြားသည်။ကိုးကား RT