အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန။။အဗ်နာ256646 403536279733510 508766315 oအိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ က အသက် ၂၃ နှစ်အရွယ် ဆေးကျောင်း သူလေး တစ်ဦး ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညက အမျိုးသား သူငယ်ချင်းတစ်ယောက်နဲ့ ရုပ်ရှင် ကြည့်ပြီး ပြန်လာပါတယ်။ဘက်စ်ကားစီးပြန်ပေမယ့် ကားပေါ်မှာ လူသိပ်မရှိတော့ပါဘူး။ ဒါကို အခွင့်အရေးယူပြီး အမျိုးသား ၆ ဦးဟာ ဘက်စ်ကားပေါ်ပါလာ တဲ့ ဆေးကျောင်းသူတို့ ခရီးသည် နှစ်ဦးကို နှိပ်စက်ပါတယ်။ အမျိုးသမီး ဆေးကျောင်း သူကို နှိပ်စက်ရုံတင်မကပဲ ဝိုင်းဝန်း အဓ္ဓမကျင့်ခဲ့ ပါတယ်။ယင်းနောက် နှစ်ဦးလုံးကို အမြန်မောင်းနေတဲ့ ဘတ်စ်ကားပေါ်က ပစ်ချခဲ့ပါတယ်။ဒဏ်ရာဗလပွနဲ့ လူနှစ်ယောကို ဒေလီမြို့ ပေါ်က ဆေးရုံမှာ ကုသပါတယ်။ အမျိုးသမီးငယ်လေး အခြေအနေမဟန်တော့ပါဘူး။ ပြည်တွင်း ဆရာဝန်များ ကယ်မနိုင်တော့တဲ့အခြေအနေမို့ စင်္ကာပူက Mount Elizabeth ဆေးရုံပေါ် တင်ပြီး ကုသပါတယ်။ဆေးကျောင်းသူလေး အမျိုးသမီးမှာ ဒဏ်ရာအတော်များပါတယ်။ ကိုယ်တွင်း ဒဏ်ရာ၊ ပြင်ပ ဒဏ်ရာ၊ ဦးနှောက်ဒဏ်ရာ၊ စိတ်ဒဏ်ရာပေါင်း များစွာနဲ့ ကုသမှုခံယူခဲ့ပါတယ်။ မထူးခြားပါဘူး။ဒီဇင်ဘာလ ၂၉ ရက် ရက်နေ့ မနက် အစောပိုင်းမှာပဲ ကွယ်လွန်သွားပါတယ်။သူမ ရဲ့  သတင်းကြားရတဲ့ အိန္ဒိယပြည်သူများ ဒီတိုင်း ကြည့်မနေ တော့ ပါဘူး။ နယူးဒေလီမြို့ အပြင်ကျန်မြို့ ကြီး တွေမှာပါ အိန္ဒိယ ပြည်သူပေါင်း သန်းနဲ့ချီပြီး ဆန္ဒပြ ဆန့်ကျင်နေပြီ ဖြစ်ပါတယ်။ အိန္ဒိယအမျိုးသမီးတို့ရဲ့  ဘဝလုံခြုံမှုကို အပြည့်အဝ မပေးတဲ့ အစိုးရအား ဖြုတ်ချဖို့ အထိတောင်တောင်းဆိုပါတယ်။ အဓ္ဓမ ပြုကျင့်မှုများ၊ မတရားအနိုင်ကျင့်မှု များဟာ အိန္ဒိယမှာ အမြဲလိုလို ဖြစ်နေပေမယ့် ယခု ဖြစ်ပွားမှု ကတော့ တော်တော်ဆိုးရွားပြီး ကမ္ဘာသိ ဖြစ်သွား ရပါတယ်။ ကမ္ဘာ့သတင်း မီဒီယာများလည်း စောင့်ကြည့်လာပြီး အမျိုးသမီး လူ့အခွင့်အရေး အတွက် အိန္ဒိယ အစိုးရက ဘယ်လို ပြန်ပေးဆပ်မယ်ဆိုတာကို စောင့်ဆိုင်းလျက် ရှိပါတယ်။အိန္ဒိယဝန်ကြီးချုပ် Manmohan Singh လည်း စိတ်မကောင်းစွာနဲ့ပဲ ဆန္ဒပြ သူများ စိတ်တိုင်းကျဖြစ်လာဖို့ ကြိုးပမ်း ပေးနေပါတယ်။ လက်ရှိမှာ တရားခံ နဲ့ အဆက်အသွယ်ရှိတယ်လို့ ယူဆရတဲ့ တရားခံ ၆ ဦးကို ဖမ်းဆီး ရမိ ထားပြီး တရားခံများကို မကြာမီ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ပြောဆို ထားပါတယ်။ဘယ်လို တရားစီရင်မှုလုပ်လုပ်၊ အပြစ်ပေးမှုလုပ်လုပ် သေသွားတဲ့ဆေးကျောင်းသူကိုအသက်ရှင်လျက်နဲ့ပြန်မရနိုင်တော့ပါဘူး။ အသက်ရှင်ရင်တောင် ဘဝမရှင် တော့တဲ့ သူမဟာ ဘဝသေပြီးသားလူ ဖြစ် ပါတယ်။ နယူးဒေလီမြို့ ကြီးရဲ့  ညတွေမှာတော့ သူမအတွက် ဆုတောင်းပေး တဲ့ ဖယောင်းတိုင်များနဲ့ ထိန်လင်းလျက် ရှိကြောင်း သိရပါတယ်။--Ref:dm.co.uk