အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ဇန်န၀ါရီ ၅ ရက်တွင် ကွမ်းခြံကုန်း မြို့နယ်တွင် ဇနီးဖြစ်သူနှင့် လူမှုရေး ဖောက်ပြန်သည်ဟု စွပ်စွဲကာ ဓားဖြင့် ထိုးသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇန်န၀ါရီ ၅ ရက်၊ နံနက် ၇နာရီခွဲအချိန် ဦးကြည်မြင့် (၆၃)နှစ်၊ ကော်ဒွန်းကျေးရွာ၊ ကွမ်းခြံကုန်းမြို့နယ် နေသူသည် နေအိမ်တွင် ရှိနေစဉ် တူဖြစ်သူ ရဲထွန်းဦး ၄၁နှစ် လယ်ထဲသို့ ကောက်လှိုင်းသယ်ရန် ထော်လာဂျီယာဉ်ဖြင့် သွားရောက်စဉ် ဓားထိုးခံရ၍ သေဆုံးကြောင်း ရဲထွန်းဦး ဇနီးမမြကြည်က လာရောက်ပြောကြားကြောင်း ရဲထွန်းဦးသည် ကောက်လှိုင်းသယ်ရန် သွားစဉ် ကော်ဒွန်းကျေးရွာနှင့် ပြည်တော်သာလမ်းဆုံ အရောက် မောင်မြ ၅၆ နှစ်၊ (ကျပန်း) ကွမ်းခြံကုန်းမြိ့နယ် နေသူက လမ်းကြုံ လိုက်လိုကြောင်း ပြောဆိုက ထော်လာဂျီပေါ်သို့ တက်လာပြီး အသင့်ပါလာသော ဓားဖြင့် ထိုး၍ ရဲထွန်းဦးတွင် လည်ပင်း ၀ဲဘက် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ အဖြစ်မှန်ကို စုံစမ်းရာ မောင်မြ၏ ဇနီးဖြစ်သူ ဒေါ်(-------) နှင့် သေဆုံးသူ ရဲထွန်းဦးတို့ လူမှုရေးဖောက်ပြန်သည်ဟု သိရှိရ၍ မောင်မြအား အရေးယူပေးပါရန် ဦးကြည်မြင့်က တရားလို ပြုလုပ် တိုင်တန်းခဲ့ သည်။ ၄င်းဖြစ်စဉ်နှင့် ပတ်သက်ပြိး ကွမ်းခြံကုန်း ရဲစခန်းမှ (ပ) ၄၊ ၁၃၊ ပုဒ်မ-၃၀၂ ဖြင့် ဇန်န၀ါရီ ၅ ရက်တွင် အမှုဖွင့်ပြီး အမှုစ် ရဲအုပ် ဉာဏ်ထွန်း (စခမ)က တရားခံ ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။