အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ
ဤ ညီလာခံအား ဇန်နဝါရီလ ၁၄ ရက် ၁၅ ရက် နေ့များ တွင် ဒေသစံတော်ချိန် မနက် ၁၀နာရီမှ ညနေခင်း ၄ နာရီ အထိကျင်းပခဲ့ပါသည်။
အိုလမာ ၊ နိုင်ငံရေး ပုဂ္ဂိုလ်များ ၊ မြောက်များစွာသော မြို့မိ ၊မြို့ဖများ ၊မွတ်စလင်ပြည်သူများ အနေဖြင့် တက်ရောက်နေရာယူခဲ့ ပါသည်။
ထိုပြင် အိုလမာယေဒီးန် ၊ တက္ကသိုလ် ကျောင်းဆရာများ ၊ နိုင်ငံတော်အရာရှိများ ၊ ထိုနည်း တူစွာ ဟွဂ်ျဂျသွလ် အစ္စလာမ် ဟမီးဒ်ဒွလ်ဟစန် ၊ ဟွဂ်ျဂျသွလ်အစ္စလာမ် အမီးန် ဟိုင်ဒဲရ် ၊ ဃာဇီ အာဒေလ် အာဖ်သာဗ် ၊ ဂျနာဗ် မန်ဇလ်အာဘာစ်ရေဇာဝီး ၊တို့မှ (( အမျိုးသမီးဆိုင်ရာ အခွင့်အရေး အစ္စလာမ် အမြင်))အမည်ဖြင့်တရားရေအေး များ တိုက်ကျွေး ခဲ့ကြပါသည်။
ဂျနာဗ် မန်ဇလ်အာဘာစ်ရေဇာဝီး အဖြင့် ယနေ့ မှုခင်းများ ၊ဒုစရိုက်များ ၊ များပြားလာမှုသည် အစ္စလာမ်
သာသနာ တော်၏သွန်သင်ဆုံးမမှုနှင့် ဝေးသထက်ဝေးနေရသည့်အတွက် ကြောင့် ဖြစ်ကြောင်းစသည် ဖြင့်
ပြောကြားခဲ့ပါသည်။